
မြစ်ကြီးနား ဧပြီ ၂၈
ကချင်ပြည်နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီအနေဖြင့် မြန်မာ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုး ထပ်မံ ကူးစက်လာမှုနှင့် စပ်လျဉ်း၍ ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်တားဆီးနိုင်ရေး ခရိုင်/ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌများ နှင့် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဧပြီ ၂၈ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရ အဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပ သည်။
ကျယ်ကျယ်ပြန့်ပြန့်ပညာပေး
လုပ်ငန်းညှိနှိုင်းအစည်းအဝေး တွင် ပြည်နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကော်မတီအဆင့်ဆင့် အနေဖြင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ထပ်ဆောင်း ကာကွယ်ဆေးများ ထိုးနှံနိုင်ရေး၊ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းမျဉ်း စည်းကမ်းများနှင့်အညီ နေထိုင် သွားလာရေးကို ကျယ်ကျယ် ပြန့်ပြန့် အသိပညာပေးဆောင် ရွက်ကြရန် လိုအပ်ကြောင်း၊ ကြိုတင်ပြင်ဆင် ဆောင်ရွက်သွား ရမည့် ကိစ္စရပ်များကိုလည်း စနစ်တကျ စီမံဆောင်ရွက်ထား ကြရန်လိုကြောင်း တိုက်တွန်း မှာကြားသည်။
ဖြည့်စွက်ရှင်းလင်း
ထို့နောက် တက်ရောက်လာ ကြသူများ၏ တင်ပြဆွေးနွေးမှု အပေါ် ပြည်နယ်အဆင့်ကော်မတီအဖွဲ့ဝင်များက လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်း ဆွေးနွေး တင်ပြကြသည်။
ပြည်သူများ ပူးပေါင်းပါဝင်ရေး
ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ကပ်ရောဂါသည် လူမှုစီးပွား ကို ထိခိုက်စေနိုင်သည့်အတွက် ပြည်သူများ ပူးပေါင်းပါဝင်လာ စေရေး အသိပညာပေးလုပ်ငန်းနှင့် ကာကွယ်ဆေးအပိုဆောင်းထိုးနှံမှုများကို အရှိန်အဟုန်မပျက် ဆောင်ရွက်ကြရေးနှင့် ကြိုတင် ပြင်ဆင် စီမံဆောင်ရွက်ထားရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)