
ရန်ကုန် ဧပြီ ၂၈
ငွေဆောင် လူရည်ချွန်စခန်းသို့ သွားရောက်ကြမည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဧကာဒသမတန်း လူရည်ချွန် ကျောင်းသား ကျောင်း သူများနှင့် ကြီးကြပ်ဆရာ၊ ဆရာမ စုစုပေါင်း ၁၇၄ ဦး ပါဝင်သောအဖွဲ့ သည် ဧပြီ ၂၇ ရက် နံနက်ပိုင်းတွင် နေပြည်တော်မှ ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံမြို့နယ် စီမံ ခန့်ခွဲမှု သင်တန်းကျောင်း (ရန်ကုန်)သို့ ရောက်ရှိကြသည်။
ထိုသို့ရောက်ရှိလာရာ ရန်ကုန် တိုင်းဒေသကြီး ပညာရေးမှူးရုံး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းနှင့် ရန်ကုန်တိုင်း ဒေသကြီးပညာရေးမှူးရုံးမှ တာဝန် ရှိသူများ၊ ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့် ဆရာ ဆရာမများက ကြိုဆိုကြပြီး နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ သည်။
မွန်းလွဲပိုင်းတွင် လူရည်ချွန် ကျောင်းသား ကျောင်းသူများ သည် လှိုင်မြို့နယ် နျူကလီးယား နည်းပညာ သတင်းအချက် အလက်စင်တာသို့ သွားရောက် လေ့လာကြရာ တာဝန်ရှိသူများ က ရှင်းလင်းပြသကြသည်။ ထို့နောက် ရွှေတိဂုံစေတီတော် မြတ်သို့ သွားရောက်ဖူးမြော်ကြည် ညိုရာ ရှေးဟောင်းတန်ဆောင်း တွင် ရွှေတိဂုံစေတီတော်မြတ်ကြီး ၏ သမိုင်းကြောင်းအား ရွှေတိဂုံ စေတီတော်ဂေါပကအဖွဲ့က ရှင်း လင်းပြောကြားသည်။ ယင်းနောက် လူရည်ချွန် ကျောင်းသား ကျောင်းသူများစုပေါင်း၍ ရွှေတိဂုံ စေတီတော်မြတ်ကြီး ရွှေသင်္ကန်း တော်အတွက် ငွေကျပ် ၁၁၇၅၅၀၀ ကို ရွှေတိဂုံစေတီတော် ဂေါပက အဖွဲ့ထံသို့ ပေးအပ်လှူဒါန်းသည်။
ညနေပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လူရည်ချွန်များနှင့် ကြီးကြပ် ဆရာ ဆရာမတို့ကို ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ညစာဖြင့် ဂုဏ်ပြု တည်ခင်းဧည့်ခံသည်။
လူရည်ချွန် ကျောင်းသား ကျောင်းသူများသည် ယနေ့ နံနက် ၆ နာရီတွင် ဧရာဝတီတိုင်း ဒေသကြီး ငွေဆောင်လူရည်ချွန် စခန်းသို့ ဆက်လက်ထွက်ခွာ ကြပြီး မွန်းလွဲ ၂ နာရီတွင် လူရည် ချွန်စခန်း ဖွင့်လှစ်ထားသည့် ငွေဆောင်မြို့ ယမုံနာဦးဟိုတယ် သို့ရောက်ရှိကြရာ ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများကိုလှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြ ကြောင်း သိရသည်။
ညိမ်းသူ(သတင်းစဉ်)
ဓာတ်ပုံ-ကနူး