
တွေ့ဆုံမေးမြန်း - အောင်ရဲသွင်၊ ဟိန်းမင်းစိုး၊ ဓာတ်ပုံ - ကိုကိုအေး
ယခုအချိန်အခါတွင် ကမ္ဘာ့နိုင်ငံများသည် တွင်းထွက်လောင်စာဆီသုံးစွဲမှုများအစား လျှပ်စစ်၊ သဘာဝဓာတ်ငွေ့၊ ဟိုက်ဒရိုဂျင်နှင့် ဇီဝလောင်စာစသည်တို့ဖြင့် အစားထိုးသုံးစွဲနိုင်သည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်ဆောင်ရွက်လျက်ရှိရာ လျှပ်စစ်စွမ်းအင် အသုံးပြုမောင်းနှင်သည့်ယာဉ်များ ထုတ်လုပ်အသုံးပြုခြင်းနည်းလမ်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။
မိမိတို့နိုင်ငံတွင်လည်း လျှပ်စစ် စွမ်းအင်အသုံးပြု မောင်းနှင်သည့်ယာဉ် များ အသုံးပြုနိုင်ရေးအတွက် အမျိုးသား အဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ် လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီအောက်ရှိ လုပ်ငန်းကော်မတီ ငါးခုအနက် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ် လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုနှင့် တင်သွင်း၊ တင်ပို့၊ တပ်ဆင်ထုတ်လုပ်မှုမြှင့်တင်ရေးလုပ်ငန်းကော်မတီကို ဖွဲ့စည်းထားရှိ၍ ဆောင်ရွက်လျက်ရှိသည်။
ထို့ကြောင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုနှင့် တင်သွင်း၊ တင်ပို့၊ တပ်ဆင်ထုတ်လုပ်မှု မြှင့်တင်ရေးလုပ်ငန်းကော်မတီမှ စီစဉ် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ လျှပ်စစ်သုံးယာဉ်များအတွက် လိုင်စင် ထုတ်ပေးမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ပြည်သူများသိရှိနိုင်စေရန် တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းခဲ့မှု များကို ဖော်ပြလိုက်ပါသည်။
ဦးရန်နိုင်လွင် (ညွှန်ကြားရေးမှူး၊
ကုန်သွယ်ရေးဦးစီးဌာန)
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ် နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး ဦးဆောင်ကော်မတီအောက်မှာ လုပ်ငန်းကော်မတီငါးခုနဲ့ ဖွဲ့စည်းဆောင် ရွက်လျက်ရှိပါတယ်။ လုပ်ငန်းကော်မတီ ငါးခုအနက် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ် လုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် တင်သွင်း၊ တင်ပို့၊ တပ်ဆင်ထုတ်လုပ်မှုမြှင့်တင်ရေး လုပ်ငန်းကော်မတီကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အနေနဲ့ တာဝန်ယူဆောင်ရွက်လျက်ရှိပါ တယ်။
လုပ်ငန်းကော်မတီရဲ့ လုပ်ငန်းတာဝန် တွေအနေနဲ့ လျှပ်စစ်သုံးယာဉ်နဲ့ ဆက်စပ် လုပ်ငန်းတွေကို ပြည်တွင်း၊ ပြည်ပမှ ပိုမိုရင်းနှီးမြှုပ်နှံနိုင်ရေး ဦးစားပေးမြှင့်တင် တဲ့ ရင်းနှီးမြှုပ်နှံသူကဏ္ဍမှာ ထည့်သွင်း ခြင်းနဲ့ ရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်ခြင်း၊ တည်ဆဲဥပဒေတွေ၊ မူဝါဒတွေမှာ ဦးဆောင် ကော်မတီက အတည်ပြုချမှတ်ထားတဲ့ တင်သွင်း၊ တင်ပို့၊ တပ်ဆင်ထုတ်လုပ်မှု ဆိုင်ရာမူဝါဒတွေ၊ လမ်းညွှန်ချက်တွေနဲ့ အညီ လိုက်နာဆောင်ရွက်နိုင်ရေး တိကျတဲ့ ညွှန်ကြားချက်တွေနဲ့ အသိပေး ခြင်း၊ လျှပ်စစ်သုံးယာဉ်အပါအဝင် ဘက်ထရီအားသွင်းစက်တွေ၊ ဆက်စပ် ပစ္စည်းတွေနဲ့ စပ်လျဉ်းပြီး ဦးဆောင် ကော်မတီက အတည်ပြုချမှတ်ထားတဲ့ မူဝါဒတွေ၊ လမ်းညွှန်ချက်တွေနဲ့အညီ သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ အဖွဲ့အစည်း တွေ၊ ဖွံ့ဖြိုးမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်း တွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါ တယ်။
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ် နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး ဦးဆောင်ကော်မတီခွင့်ပြုချက်နဲ့ လျှပ်စစ်သုံးယာဉ်တင်သွင်းတဲ့ ကုမ္ပဏီ တွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ တင်သွင်းခွင့်ပြုနိုင်ဖို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အနေနဲ့ ကနဦးစီမံကိန်းကာလအတွင်း ပြည်ပက လျှပ်စစ်သုံးယာဉ်တင်သွင်းခြင်း ဆိုင်ရာ လိုက်နာရမယ့် စည်းကမ်းချက် တွေကို သတ်မှတ်တဲ့ အမိန့်ကြော်ငြာစာ အမှတ် (၆၂/၂၀၂၂) ကို ၂၀၂၂ခုနှစ် နိုဝင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနအနေနဲ့ စားသုံးသူတွေ မနစ်နာစေရေးအတွက် လျှပ်စစ်သုံးယာဉ်တင်သွင်းတဲ့ ကုမ္ပဏီ တွေကို ပင်ရင်းကုမ္ပဏီကနေဖြစ်စေ၊ Regonial Office ကနေဖြစ်စေ Deale-rship / Distrubutorship ခန့်အပ်ခြင်းကို ဆောင်ရွက်ခြင်း၊ ဝယ်ယူသုံးစွဲသူပြည်သူ တွေအတွက် Saleservice & Spare Parts (3S)နဲ့ အာမခံဆောင်ရွက်နိုင်တဲ့ အရောင်း ပြခန်း ဖွင့်လှစ်ဆောင်ရွက်စေခြင်း၊ အရောင်းပြခန်းဖွင့်လှစ်ခြင်း ရှိ မရှိကို မြေပြင်စစ်ဆေးရေးအဖွဲ့နဲ့ စိစစ်ခြင်းနဲ့ အရောင်းပြခန်း ဖွင့်လှစ်ခွင့်ပြုခြင်းကို ဆောင်ရွက်လျက်ရှိတဲ့အပြင် အရောင်း ပြခန်းဖွင့်လှစ်ခြင်းဆိုင်ရာ စည်းကမ်း ချက်ကို အမိန့်ကြော်ငြာစာအမှတ် (၂၄/၂၀၂၁) ကို လုပ်ထုံးလုပ်နည်းနဲ့အညီ ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါတယ်။
ဒီစည်းကမ်းချက်မှာ အဓိကအချက် ဖြစ်တဲ့ တင်သွင်းလာတဲ့ မော်တော်ယာဉ် တွေကို သတ်မှတ်ထားတဲ့ အရောင်းပြခန်း နဲ့ သိုလှောင်ရုံမှာထားရှိရမယ်လို့ ဖော်ပြ ထားပြီး အရောင်းပြခန်းမှအပ အခြား နေရာတွေမှာ ပြသထားခြင်း ဆောင်ရွက် မယ်ဆိုပါက စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှာ သီးခြား ခွင့်ပြုချက်ရယူပြီး ဆောင်ရွက်ရမှာ ဖြစ်ပါ တယ်။
ဒေါ်ခိုင်ဇာခြည်လင်း (ဒုတိယညွှန်ကြား ရေးမှူး၊ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေးနှင့် ဆယ်သွယ် ရေးဝန်ကြီးဌာန)
ရန်ကုန်လိုင်စင်ရယူချင်တယ်ဆိုရင် တော့ ကန့်သတ်ချက်ရှိပါတယ်။ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုနိုင်မှု အပေါ်မူတည်ပြီး တစ်နှစ်မှာ လျှပ်စစ်သုံး မော်တော်ယာဉ်စီးရေ စုစုပေါင်း (၁၀၀၀၀) ခန့်သာ ရန်ကုန်လိုင်စင်နဲ့ မှတ်ပုံတင်ခွင့်ပြု သွားမှာဖြစ်ပါတယ်။ ရန်ကုန်နံပါတ်နဲ့ မှတ်ပုံတင်ချင်တယ်ဆိုရင် ယာဉ်ဟောင်း အပ်နှံစလစ်(ပုံစံ- ဃ) တင်ပြဖို့ လိုအပ် ပါတယ်။ အခု ၂၀၂၃ ခုနှစ် Pilot Projet ကာလမှာ EV Taxi ယာဉ်တွေကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် သုံးနေရာမှာ စီးရေ ခွဲပြီး မှတ်ပုံတင်ခွင့်ပြုထားပါတယ်။ ဒီ EV Taxi ယာဉ်တွေအနက် ရန်ကုန်မြို့အတွင်း မှာ Taxi ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက် ဖို့ တင်သွင်းခွင့်ပြုထားတဲ့ EV Taxi ယာဉ် တွေကိုတော့ (ပုံစံ-ဃ) စလစ်မလိုအပ်ဘဲ ရန်ကုန်လိုင်စင် ခွင့်ပြုထုတ်ပေးသွားမှာ ဖြစ်ပါတယ်။
အခြား မန္တလေး၊ နေပြည်တော်တို့မှာ Taxi ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက် မယ့် EV Taxi တွေကတော့ သက်ဆိုင်ရာ မန္တလေး၊ နေပြည်တော် နံပါတ်တွေနဲ့သာ မှတ်ပုံတင်ခွင့်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကုမ္ပဏီတွေက ပြန်လည်ရောင်းချဖို့ တင်သွင်းလာတဲ့ Taxi ယာဉ်တွေအနက် ရန်ကုန်လိုင်စင်လိုချင်တယ်ဆိုရင် “ဃ” စလစ်လိုအပ်မှာ ဖြစ်ပါတယ်။ ထို့အတူ ကျန် EV Taxi ၊ EV ကိုယ်ပိုင် လူစီးယာဉ် တွေ၊ EV ခရီးသည်တင်ယာဉ်တွေနဲ့ EV Delivery ယာဉ်တွေ အားလုံးအတွက် လည်း(ပုံစံ-ဃ) စလစ်တင်ပြမှသာ ရန်ကုန်လိုင်စင် ခွင့်ပြုသွားမှာဖြစ်ပါတယ်။
ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုလျော့နည်းစေရေးနဲ့ အတည်ပြု ထုတ်ပြန်ပြီးဖြစ်တဲ့ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒပါ ၂၀၅၀ ပြည့်နှစ်မှာ လျှပ်စစ်သုံးယာဉ် အသုံးပြုမှု ၁၀၀ ရာခိုင်နှုန်းဖြစ်စေရေး မျှော်မှန်းချက်အရ လောင်စာဆီသုံး ယာဉ်တစ်စီးအပ်နှံပြီး ရန်ကုန်လိုင်စင် EV ယာဉ်တစ်စီး အစားထိုးမှတ်ပုံတင် ပေးမှသာ မျှော်မှန်းချက်အောင်မြင်နိုင် မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်း ဒေသကြီးလိုင်စင်နဲ့ မှတ်ပုံတင်မယ့် မော်တော်ယာဉ်တွေ (ပုံစံ-ဃ) စလစ် တင်ပြဖို့ လိုအပ်တာကလည်း အရင် ၂၀၁၈ ခုနှစ်ကတည်းက ကျင့်သုံးခဲ့တဲ့ လုပ်ငန်းစဉ်အတိုင်းပဲ မပြောင်းမလဲ ဆက်လက်ကျင့်သုံး ဆောင်ရွက်နေခြင်း ကြောင့် ဖြစ်ပါတယ်။
လျှပ်စစ်သုံးယာဉ်တွေကို ပဲခူးလိပ်စာ နဲ့ မှတ်ပုံတင်ဆောင်ရွက်မယ်ဆိုရင် ယာဉ်အိုယာဉ်ဟောင်း အပ်နှံစလစ်(ပုံစံ- ဃ) တင်ပြရန် မလိုအပ်ပေမယ့် အမည်၊ နေရပ်လိပ်စာ မှန်ကန်စေရေးအတွက် ပဲခူးမှာ အမှန်တကယ်နေထိုင်ခြင်းရှိမှသာ ပဲခူးလိုင်စင် ခွင့်ပြုထုတ်ပေးသွားမှာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း အမှန် တကယ် နေထိုင်သူတွေအနေနဲ့ EV ယာဉ် တွေကို စလစ်(ပုံစံ-ဃ) မတင်ပြဘဲ အမှန် တကယ်နေထိုင်တဲ့ လိပ်စာနဲ့ မှတ်ပုံတင် ဆောင်ရွက်မယ်ဆိုရင် ရန်ကုန်တိုင်းဒေသ ကြီးမှတ်ပုံတင်ရုံးတွေနဲ့ ပဲခူးတိုင်းဒေသ ကြီးမှအပ ပိုင်ရှင်ဆန္ဒပြုတဲ့ မှတ်ပုံတင်ရုံး မှာ အထောက်အထားတောင်းခံခြင်း မပြုဘဲ မှတ်ပုံတင်ဆောင်ရွက်ပေးသွား မှာဖြစ်ပါတယ်။