
ပန်းတောင်း ဧပြီ ၂၈
ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ်၌ ယမန်နေ့ မွန်းလွဲ ၂ နာရီ က ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် ပန်းတောင်းမြို့နယ် ဖောင်းကန်ရပ်ကွက် လှည်းကူးကျေးရွာအုပ်စု၊ ကြိုးကြာကျေးရွာအုပ်စု၊ တောင်ဘွေကျေးရွာအုပ်စု၊ လဲကျေးရွာအုပ်စု၊ သူရဲတန်းကျေးရွာအုပ်စု၊ ရေလည်ကျွန်းကျေးရွာအုပ်စု၊ မကြီးထုံးကျေးရွာအုပ်စု၊ တောင်ဘို့ကြီး ကျေးရွာအုပ်စု၊ ကျွန်းမီးကျေးရွာအုပ်စုအတွင်းရှိ လူနေအိမ် ၆၈ အိမ်နှင့် ဘုန်းကြီးကျောင်းနှစ်ကျောင်းအမိုးလန် ပျက်စီးခဲ့ကြောင်းသိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၆၈ အိမ်နှင့် ဘုန်းကြီးကျောင်း နှစ်ကျောင်းပျက်စီးခဲ့ပြီး စုစုပေါင်း ပျက်စီးဆုံးရှုံးမှု ခန့်မှန်းတန်ဖိုးမှာ ၁၄၄၂၉၅၅၀ ကျပ်ဖြစ်ပြီး လူနှင့်တိရစ္ဆာန်များ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)