
နေပြည်တော် ဧပြီ ၂၈
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်း ဟန်သည် မကွေးတိုင်းဒေသ ကြီး သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေးနှင့် လျှပ်စစ် စွမ်းအားဝန်ကြီးဌာနနှင့် ဆောက် လုပ်ရေးဝန်ကြီးဌာနတို့မှ ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် မကွေး တိုင်းဒေသကြီး အောင်လံမြို့နယ် ရုံးဆိပ်ကျေးရွာအနီးနှင့် ပဲခူးတိုင်း ဒေသကြီး ပန်းတောင်းမြို့နယ် ထုံးဘိုမြို့အနီးရှိ ဧရာဝတီမြစ် ၏ ရေအရင်းအမြစ်နှင့် မြစ်ရေ လမ်းကြောင်း အခြေအနေတို့ကို သွားရောက်ကြည့်ရှု စစ်ဆေး သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် အောင်လံမြို့နယ်ရုံးဆိပ်ကျေးရွာအနီး ဧရာဝတီ မြစ်၏ ရေအရင်းအမြစ်နေရာသို့ ရောက်ရှိရာ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်း များ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မကွေးတိုင်းဒေသကြီး တိုင်းဦးစီး မှူးတို့က ဧရာဝတီမြစ်ဝှမ်းဆိုင်ရာ အချက်အလက်များ၊ ဧရာဝတီမြစ် ၏ ရေလမ်းကြောင်းအခြေအနေ၊ ရေမျက်နှာပြင် အနိမ့်အမြင့် ကွာခြားချက်အခြေအနေ၊ မြစ်ရေ စီးနှုန်းနှင့် မြစ်ရေထုထည် စီးနှုန်း အခြေအနေတို့ကို ရှင်းလင်းတင်ပြ ကြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီမြစ် အတွင်း ဧရာဝတီမြစ်၏ မြစ်ရေ စီးဆင်းနေမှု အခြေအနေ၊ မြစ်ကြောင်းအတွင်း အနည်ပို့ချ နှုန်းနှင့် သောင်ထွန်းနိုင်မှုအခြေ အနေ၊ ရေကြောင်းသွားလာမှု အခြေအနေနှင့် မြစ်ကမ်းပါး ဝဲ/ယာ မြေမျက်နှာသွင်ပြင်အခြေ အနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်း ဒေသကြီး ပန်းတောင်းမြို့နယ် ထုံးဘိုမြို့အနီးရှိ ဧရာဝတီမြစ်၏ ရေအရင်းအမြစ်နေရာသို့ ရောက်ရှိ ရာ ရေအားလျှပ်စစ် အကောင် အထည်ဖော်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက် နှင့် ရေအရင်းအမြစ်နှင့် မြစ် ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ပဲခူးတိုင်းဒေသကြီး တိုင်းဦးစီးမှူး ဦးမောင်မောင်နိုင် တို့က သူရဲတန်း-ထုံးဘို မြစ်ရေ လမ်းကြောင်းအခြေအနေ၊ ဒေသ၌ နွေရာသီရေစစ်မျဉ်းနှင့် အမြင့်ဆုံး တက်ရောက်သည့် ရေမျက်နှာပြင် ကွာခြားချက်မှာ ၄၅ ပေခန့် ဖြစ်ပေါ်ခဲ့သည့်အခြေအနေ၊ သူရဲ တန်း-ထုံးဘို ရေလမ်းကြောင်း ၌ အကောက်တောင်ဘက် ခြမ်းတွင် အနက် ၂၀ မီတာ ခန့်ရှိသည့် အခြေအနေနှင့် နွေရာသီကာလတွင် မြင်တွေ့ရ သည့် သဲသောင်ခုံများမှာ မိုးရာသီ ကာလတွင် ရေဖုံးလွှမ်းလေ့ရှိ သည့် အခြေအနေတို့ကို ရှင်းလင်း တင်ပြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီ မြစ်ရေစီးဆင်းနေမှု အခြေအနေ၊ အနည်ပို့ချနှုန်းနှင့် သောင်ထွန်း နေသည့်အခြေအနေ၊ ကျောက် ထုတ်ယူရရှိနိုင်မှု အခြေအနေနှင့် မြစ်ကမ်းပါး မြေမျက်နှာသွင်ပြင် အခြေအနေတို့ကို ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။
သတင်းစဉ်