မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်နေမှုများအား မန္တလေးတိုင်းဒေသကြီးမှ ပင့်ဖိတ်ထားသောဆရာတော်ကြီးများ လာရောက်လေ့လာဖူးမြော်ကြည်ညို

 

နေပြည်တော်   ဧပြီ    ၂၈


ပြည်ထောင်စုနယ်မြေ   နေပြည်တော်   ဒက္ခိဏသီရိ မြို့နယ်  ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ဆောက်ပူဇော် လျက်ရှိသည့်    မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား  မိတ္ထီလာမြို့    အသောကာရုံရေလည်ကျောင်း တိုက် နိုင်ငံတော်သြဝါဒါစရိယ    ဆရာတော်  ဘဒ္ဒန္တ လာဘာဝတနှင့်  ကျောက်ဆည်မြို့   ဧရာဝတီပရိယတ္တိ  စာသင်တိုက်     နိုင်ငံတော်သြဝါဒါစရိယဆရာတော် ဘဒ္ဒန္တပါမောက္ခဘိဝံသတို့  ဦးဆောင်လျက် ပင့်ဖိတ် ထားသော ဆရာတော်၊ သံဃာတော်စုစုပေါင်းသံဃာ ၁၀၃ ပါးတို့က    ယနေ့နံနက်ပိုင်းတွင် လာရောက် လေ့လာ ဖူးမြော်ကြည်ညိုကြသည်။

 


ဦးစွာ ရှင်းလင်းဆောင်၌  ဆရာတော်၊ သံဃာ တော်ကြီးများအား ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း က    မာရဝိဇယ     ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား တည်ထား ကိုးကွယ်ရသည့် ရည်ရွယ်ချက်၊ တည်ထား ကိုးကွယ်ရန်  စကျင်ကျောက်တုံးတော်ကြီးများအား အဆင့်ဆင့်တူးဖော်ခြင်းနှင့်      ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းများဖြင့် ပင့်ဆောင်ခဲ့ရမှု၊ ရုပ်ပွား တော်မြတ်ကြီး၏ ဆင်းတုတော် အပိုင်း(၁/၂/ ၃/ ၄)တို့အား ထုဆစ်ခြင်း၊ ပလ္လင်တော်အထက်သို့ပင့်ဆောင် နိုင်ရန်   သံမဏိမျှော်စင်ဝန်ချီစက်   တည်ဆောက် ခြင်း၊  ရုပ်ပွားတော်မြတ်ကြီးအား ပင့်ထောင်ခြင်းနှင့် ပင့်ဆောင်နေရာချထားခြင်း     လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်နေမှုအခြေအနေများ၊   မာရဝိဇယဗုဒ္ဓ ဥယျာဉ်တော်ကြီးနှင့်     သာသနိကအဆောက်အဦ စိမ်းလန်းစိုပြည်သာယာလှပစေရေးအတွက် သစ်ပင်၊ ပန်းမန်များ    စိုက်ပျိုးဆောင်ရွက်နေမှု၊  သာသနိက အဆောက်အဦများ ဆောက်လုပ်နေမှုနှင့် အဆင့်ဆင့် တိုးတက်လာမှု    အခြေအနေများကို     ရှင်းလင်း လျှောက်ထားသည်။

 

 
ထို့နောက်ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာ တော်ကြီးများသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးနှင့်     ပလ္လင်တော်တည်ဆောက်ပြီးစီးမှု၊    ဗုဒ္ဓ  ဥယျာဉ်တော်ကြီးအတွင်းရှိ သာသနိကအဆောက် အဦများ တည်ဆောက်ပြီးစီးမှုနှင့် ဆက်လက်တည် ဆောက်နေမှုအခြေအနေများကိုလည်း လှည့်လည် ကြည့်ရှုကြသည်။

 


ယင်းနောက် ကြွရောက်လာကြသည့် ဆရာတော်၊  သံဃာတော်ကြီးများအား နေ့ဆွမ်းနှင့် လှူဖွယ်ပစ္စည်း များ  ဆက်ကပ်လှူဒါန်းကြပြီး   တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက ဆရာတော်၊ သံဃာ တော်ကြီးများထံမှ ပရိတ်တရားတော်များကို နာယူ ခဲ့ကြကြောင်းသတင်းရရှိသည်။         
   

သတင်းစဉ်