ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း၊ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်

နေပြည်တော် ဖေဖော်ဝါရီ ၂၁ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ တွင် ဆွမ်းအဆင်ပြေစေရေးအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီး၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း နှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများကို ဆောင် ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်း ပြည်နယ်တောင်ပိုင်း နမ့်စန်မြို့၊ တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်းမြို့၊ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်နှင့် တိုက်ကြီးမြို့နယ်၊ ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတမြို့နှင့် ပုသိမ်မြို့၊ မန္တလေး တိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်၊ ပုသိမ်ကြီး မြို့နယ်၊ အမရပူရမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်၊ တောင်ငူမြို့ ကေတုမတီမြို့သစ်နှင့် ပြည်မြို့တို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်တိုက် စုစုပေါင်း ၂၂ ကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများကို လည်းကောင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ (ယာပုံ)၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့၊ မန္တလေးတိုင်းဒေသကြီး အောင်မြေ သာစံ မြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ အမရပူရမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၊ ကေတုမတီမြို့သစ်တို့ရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်စာသင်တိုက် စုစုပေါင်း ၂၁ ကျောင်းရှိ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအား နေ့ဆွမ်းများကို လည်းကောင်း သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူး များနှင့် တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းကြ သည်။ ထို့အပြင် ပဲခူးတိုင်းဒေသကြီး ကေတုမတီ မြို့သစ် မဟာစည်သာသနာ့ရိပ်သာကျောင်းရှိ သံဃာ တော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်များအား တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေး အဖွဲ့က ဆရာတော် သံဃာတော်များ၊ သာသနာ့ နွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးကြကြောင်း သိရသည်။ သတင်းစဉ်