ခိုလမ်မြို့နှင့် နမ့်စန်မြို့ရှိ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား တွေ့ဆုံ၊ စားသောက်ဖွယ်ရာများ ပေးအပ်

 

နေပြည်တော်    ဧပြီ    ၂၇


ရှမ်းပြည်နယ်  (တောင်ပိုင်း)  ခိုလမ်မြို့နှင့်  နမ့်စန် မြို့နယ်တို့ရှိ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ယနေ့တွင် အရှေ့  အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်   တိုင်းမှူး    ဗိုလ်ချုပ် မျိုးမင်းထွန်းက တိုင်းစစ်ဌာနချုပ်ရိပ်သာနှင့် နမ့်စန် မြို့နယ်ရှိ နယ်မြေခံတပ်ရင်းခန်းမတို့၌  သွားရောက် တွေဆုံသည်။

 


စားသောက်ဖွယ်ရာများ ပေးအပ်


ထိုသို့ တွေ့ဆုံရာတွင် တိုင်းမှူးက အမှာစကား ပြောကြားပြီး  ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ တင်ပြချက်များ  အပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ ဆန်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

 


လိုက်လံကြည့်ရှုအားပေး


ထို့ပြင်    နမ့်စန်မြို့နယ်ရှိ     စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား နယ်မြေခံ ဆေးကုသရေးအဖွဲ့က  လိုအပ်သည့်      ကျန်းမာရေး   စစ်ဆေးခြင်းများ ဆောင်ရွက်ပေးပြီး ထိုသို့ဆောင်ရွက်ပေးမှုများကို တိုင်းမှူးနှင့်    တာဝန်ရှိသူများက    လိုက်လံကြည့်ရှု အားပေးကာ ဆေးရုံတက်ရောက်ကုသရန် လိုအပ် သူများအား   နမ့်စန်မြို့ရှိ      နယ်မြေခံတပ်မတော် ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။          

သတင်းစဉ်