အရည်အချင်းပြည့်ဝသော ဆရာ ဆရာမများ ပိုမိုပေါ်ထွန်းလာမှသာ ပညာရည်ဖွံ့ဖြိုးမှုသည်လည်း လိုက်ပါမြင့်မားတိုးတက်လာမည်

 

ဘားအံ   ဧပြီ   ၂၇


ကရင်ပြည်နယ်      ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်   ဘားအံပညာ ရေးဒီဂရီကောလိပ်၊ ပညာရေးဘွဲ့ B.Ed   စာပေးစာယူ  ပထမနှစ် (တတိယအသုတ်)  (၃/၂၃) နှင့် (၁/၂၂)ဒုတိယနှစ်(ပထမအသုတ်) သင်တန်းသား  သင်တန်းသူများ တွေ့ဆုံသည့်    အခမ်းအနားကို  ယနေ့နံနက်ပိုင်းက    ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

 


တွေ့ဆုံပွဲတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ်      ဦးစောမြင့်ဦးက အခြေခံပညာဦးစီးဌာနရှိ ကျောင်း များတွင်    အရည်အသွေးပြည့်ဝ သည့်    အထက်တန်းပြ  ဆရာ ဆရာမများ ဖြည့်ဆည်းပေးနိုင်ရန် ပညာရေးဘွဲ့(B.Ed)မရှိသေးသည့် အလယ်တန်းပြ၊ အထက်တန်းပြ ဆရာ ဆရာမများနှင့်  ပညာရေး ဒီဂရီကောလိပ်များတွင် တာဝန် ထမ်းဆောင်နေကြသော   ဝိဇ္ဇာ၊ သိပ္ပံမဟာဘွဲ့ရ ဆရာ ဆရာမများ ကို သင်ပြနည်းဆိုင်ရာ ကျွမ်းကျင် မှုများရရှိသွားစေရန် ရည်ရွယ်၍ B.Ed(စာပေးစာယူ)သင်တန်းများ ကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ သင်တန်း   တက်ရောက်နိုင်သူ ဆရာ    ဆရာမဦးရေ   တိုးတက် များပြားလာလေလေ    ပြည်နယ် အတွင်း ပညာရေးဖွံ့ဖြိုးမှုတိုးတက် လာလေလေဖြစ်ပြီး  အရည်အချင်း ပြည့်ဝသော   ဆရာ  ဆရာမများ ပိုမိုပေါ်ထွန်းလာမှသာ   လူသား အရင်းအမြစ်များ၏   ပညာရည် ဖွံ့ဖြိုးမှုသည်လည်း လိုက်ပါမြင့်မား    တိုးတက်လာမည်  ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။

 


ထို့နောက်  ဘားအံပညာရေး ဒီဂရီကောလိပ်   ကျောင်းအုပ် ဆရာမကြီးက   သင်တန်းဆိုင်ရာ များ       ရှင်းလင်းပြောကြားပြီး ကရင်ပြည်နယ်   ဝန်ကြီးချုပ်က ပညာရေးဘွဲ့ B.Ed စာပေးစာယူ ပထမနှစ်    (တတိယအသုတ်)(၃/၂၃) သင်တန်းသား သင်တန်း သူ ၃၀၂ ဦး၊  ဒုတိယနှစ် (ပထမ အသုတ်)(၁/၂၂)   သင်တန်းသား သင်တန်းသူ ၂၅၃ ဦး စုစုပေါင်း သင်တန်းသား သင်တန်းသူ ၅၅၅ ဦးအတွက် ငွေကျပ် ၅၅၅၀၀၀၀ ကို     ဂုဏ်ပြုထောက်ပံ့ပေးအပ် ခဲ့ရာ သင်တန်းသား သင်တန်းသူ များကိုယ်စား      သင်တန်းသား တစ်ဦးက   ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရ သည်။ 

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)