နေကြာသီးနှံမျိုးစေ့ထုတ်လုပ်ခြင်းနှင့် စိုက်ပျိုးထုတ်လုပ်ခြင်း နည်းပညာသင်တန်းသားများ နေကြာမျိုးသစ် ခြောက်မျိုး ယှဉ်ပြိုင်စမ်းသပ်စိုက်ကွင်းအား ပူးပေါင်းပါဝင်အကဲဖြတ်

 

နေပြည်တော်   ဧပြီ   ၂၇
စိုက်ပျိုးရေး၊      မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန   ဒုတိယ ဝန်ကြီး    ဒေါက်တာတင်ထွဋ် သည်      ယနေ့နံနက်ပိုင်းတွင် နေပြည်တော်    ပုဗ္ဗသီရိမြို့နယ်ရှိ နွေရာသီတွင် ရေသွင်းစိုက်ပျိုးခြင်း ဖြင့်    စပ်မျိုးနေကြာသီးနှံမျိုးသစ် ခြောက်မျိုး၏   အပင်ဖြစ်ထွန်းမှု ကို    လေ့လာခြင်း၊    သုတေသန စိုက်ကွင်းအား  နေကြာသီးနှံမျိုးစေ့ ထုတ်လုပ်ခြင်းနှင့်      စိုက်ပျိုး ထုတ်လုပ်ခြင်း နည်းပညာစာတွေ့ လက်တွေ့ သင်တန်းတက်ရောက် နေကြသော မျိုးသန့်ခြံတာဝန်ခံ များ၊   ခြံဝန်ထမ်းသင်တန်းသား များနှင့်အတူ    ပူးပေါင်းပါဝင် အကဲဖြတ်    ကြည့်ရှုစစ်ဆေးကြ သည်။
စစ်ဆေးစဉ်     ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က    မိုးကြို ကာလတွင် နေကြာသီးနှံဖြစ်ထွန်း အောင်မြင်နိုင်မှုနှင့်  မျိုးကွဲအလိုက် ထူးခြားသော   လက္ခဏာများကို လေ့လာသုံးသပ်ရန် ဖြစ်ကြောင်း၊ အပင်စေ့  ကျင်းစေ့ပေါက်အောင် ရေခံစိုက်ပျိုးခြင်းနှင့် အစိုဓာတ် ဖမ်းစိုက်ခြင်းအပြင် အစိုဓာတ်မပါ သော အခြောက်စိုက်ပြီး ရေပေး သွင်းနည်းများကို    သုတေသန ပြုရန်လိုကြောင်း၊   နေကြာသီးနှံ မျိုးစေ့ထုတ်     စိုက်ခင်းများကို ဒေသအလိုက်    ဆောင်ရွက်ကြ ရမည်ဖြစ်၍  မြေအမျိုးအစားပေါ် မှုတည်ပြီး မြေသြဇာထည့်သွင်းမှု အချိုးအဆ       မှန်ကန်ရေးနှင့် စိုက်နည်းစနစ်များနှင့်   မျိုးထိန်း နည်းများကို   စနစ်တကျလေ့လာ ဖော်ထုတ်       သွားကြရမည်ဖြစ် ကြောင်း၊   နေကြာသီးနှံ  စိုက်ပျိုး ထုတ်လုပ်ရာတွင်         ဝတ်မှုန် ကူးယှက်မှုကောင်းအောင် ပျားအိမ် များ ချထားပေးခြင်းဖြင့် ပျားမွေးသူ များအတွက်ပါ အကျိုးရလဒ်ရရှိ နိုင်ပြီး   စိုက်ပျိုးသူတောင်သူများ ကိုယ်တိုင်    ပျားမွေးမြူရေးကို တွဲဖက်လုပ်ကိုင်လျှင်      ဝင်ငွေ နှစ်မျိုး  ရရှိနိုင်မည်ဖြစ်ကြောင်း၊ လုပ်ငန်း  ဆောင်ရွက်ချက်တိုင်း တွင်      မှတ်တမ်းမှတ်ရာများ  စနစ်တကျထားရှိပြီး   လက်လှမ်း တမီ သုတေသနများပြုလုပ်ကြရန် လိုကြောင်း၊  နည်းပညာဖွံ့ဖြိုးရေး နှင့်   ဖြန့်ဝေခြင်းလုပ်ငန်းများကို ဌာနအားလုံးနှင့်အတူ တောင်သူ များကိုယ်တိုင်   ပါဝင်ဆောင်ရွက် ရန်လိုကြောင်း ပြောကြားသည်။ 
ဆက်လက်၍ ဒုတိယဝန်ကြီး နှင့်       သင်တန်းသားများသည် ပြည်တွင်းဖြစ်      စပ်မျိုးနေကြာ ဆင်းရွှေကြာ(၁)     စပ်မျိုးအား စံထားမျိုးအဖြစ်      အသုံးပြု၍ စပ်မျိုးနေကြာသီးနှံ         မျိုးသစ် ခြောက်မျိုး၏      အပင်ဖြစ်ထွန်းမှု၊  အပင်ညီညာမှု၊ အပွင့်အရွယ်အစား နှင့် အပွင့်ညီညာမှု၊ ရိုးတံတုတ်ခိုင် မှု၊ ရောဂါဒဏ်ခံနိုင်ရည်ရှိမှု၊ ပိုးမွှား ဒဏ်ခံနိုင်ရည်ရှိမှု၊     အပင်ဦးရေ ပြည့်မှုများကို    ပူးပေါင်းပါဝင် အကဲဖြတ်ကြသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများသည်  ဘဲကုန်း ကျေးရွာအနီး     နေရောင်ခြည် စွမ်းအင်သုံး စက်ရေတွင်း အမှတ် (၁)၏   နွေသီးနှံရေလိုအပ်ချက် ဖြည့်ဆည်းပေးနေမှု၊   နွေနှမ်းနှင့် နွေပဲတီစိမ်း စမ်းသပ်ကွက်များ၏ ဖြစ်ထွန်းမှုတို့ကို ကြည့်ရှုစစ်ဆေး ပြီး   ဒုတိယဝန်ကြီး   ဒေါက်တာ တင်ထွဋ်က နွေသီးနှံများ စိုက်ပျိုး ထုတ်လုပ်ရာတွင် ကာလအလိုက် ဖြစ်ပေါ်လာမည့်      မြေဆီလွှာ အစိုဓာတ်နှင့်    သီးနှံပင်များ၏ လိုအပ်ချက်နှင့်အညီ  ရေရရှိနိုင်မှု ပမာဏကို       သီးနှံတစ်မျိုးချင်း အလိုက် လေ့လာ၍ မှတ်တမ်းများ သုံးသပ်ချက်များ   စနစ်တကျ ဆောင်ရွက်ထားရှိရန် လိုအပ်ချက် များကို    တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရ သည်။
သတင်းစဉ်