(၅၁) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေး၊ မဟာမဲခေါင်ဒေသခွဲခရီးသွားလုပ်ငန်း ညှိနှိုင်းရေးရုံးဘုတ်အဖွဲ့အစည်းအဝေးနှင့် မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၃ သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

 

နေပြည်တော်  ဧပြီ   ၂၇


(၅၁) ကြိမ်မြောက်  မဟာမဲခေါင် ဒေသခွဲ   ခရီးသွားလုပ်ငန်းအဖွဲ့ အစည်းအဝေး၊ မဟာမဲခေါင်ဒေသ ခွဲ ခရီးသွားလုပ်ငန်းညှိနှိုင်းရေးရုံး ဘုတ်အဖွဲ့   အစည်းအဝေးနှင့် မဲခေါင်ခရီးသွားလုပ်ငန်း   ဖိုရမ်- ၂၀၂၃ တို့ကို  ဧပြီ ၂၅ ရက်မှ ၂၆ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် ပရီဆီဟာနုပြည် နယ်ရှိ   Independence Hotel  ၌   လက်ခံကျင်းပရာ    မဟာ မဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ ခေါင်းဆောင်များ၊ ဒေသတွင်းခရီးသွားလုပ်ငန်းဆိုင် ရာပညာရှင်များ၊ အစိုးရ၊ ပုဂ္ဂလိက ကိုယ်စားလှယ်များ      ပါဝင် တက်ရောက်ကြပြီး မြန်မာနိုင်ငံမှ ဟိုတယ်နှင့်     ခရီးသွားလာရေး ဝန်ကြီးဌာန ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးမောင်မောင်ကျော် ဦးဆောင်သည့် မြန်မာနိုင်ငံ ခရီး သွားလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာ နိုင်ငံ   ခရီးသွားလုပ်ငန်းရှင်များ အသင်းတို့မှ   တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

 


ဧပြီ     ၂၅  ရက်တွင်   မဟာ မဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်း အဖွဲ့ အစည်းအဝေး၊ မဟာမဲခေါင် ဒေသခွဲ ခရီးသွားလုပ်ငန်းညှိနှိုင်းရေးရုံး  ဘုတ်အဖွဲ့အစည်းအဝေး များကို  ကျင်းပရာ   မြန်မာနိုင်ငံမှ ခရီးသွားလုပ်ငန်းတိုးတက်မှုအခြေ အနေများကို  ဆွေးနွေးတင်ပြပြီး မဲခေါင်ခရီးသွားလုပ်ငန်းဆိုင်ရာ ဝက်ဘ်ဆိုက် ပြန်လည်ထူထောင် ထားရှိမှု၊    လူမှုကွန်ရက်များမှ တစ်ဆင့်     ဒေသတွင်းခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မဲခေါင်ခရီးသွားလုပ်ငန်း ညှိနှိုင်းရေးရုံးမှ   ဆောင်ရွက်နေမှု အခြေအနေ၊    မဲခေါင်ခရီးသွား လုပ်ငန်းညှိနှိုင်းရေးရုံး တည်ထောင် မှုသဘောတူစာချုပ်   လက်မှတ် ရေးထိုးရေးနှင့်  မဲခေါင်ခရီးသွား လုပ်ငန်းညှိနှိုင်းရေးရုံးကို တရားဝင် ရပ်တည်မှုအဆင့်အတန်းရရှိရေး အတွက်    အဖွဲ့ဝင်နိုင်ငံများမှ ပူးပေါင်း    ဆောင်ရွက်သွားရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ မြန်မာ နိုင်ငံ၏ သဘောထားအမြင်များကို ဆွေးနွေးညှိနှိုင်းခဲ့သည်။ 

 


ဧပြီ ၂၆ ရက်တွင် မဲခေါင်ခရီး သွားလုပ်ငန်းဖိုရမ်  -  ၂၀၂၃   ကို “Rethinking for Resilience and Digitalization” ​  ခေါင်းစဉ်ဖြင့် ဆက်လက်ကျင်းပရာနိုင်ငံတကာ နှင့်    မဲခေါင်ဒေသတွင်းခရီးသွား လုပ်ငန်းဆိုင်ရာ     ပညာရှင်များ၊ ခရီးသွားလုပ်ငန်းနှင့်       ဆက်စပ် စီးပွားရေး    လုပ်ငန်းရှင်များမှ မဲခေါင်ဒေသအတွင်း   ခရီးသွား လုပ်ငန်းများ ခိုင်မာအားကောင်း ရေးနှင့်     ခရီးသွားလုပ်ငန်းတွင် ကဏ္ဍစုံပူးပေါင်းပါဝင်မှု    မြှင့်တင် ရေး၊ အဖွဲ့ဝင်နိုင်ငံအလိုက် အစား အစာအရင်းအမြစ်များ    ရေရှည် တည်တံ့ခိုင်မြဲရေးနှင့်    ခရီးသွား ဧည့်သည်များ၏ ကြိုက်နှစ်သက် မှုများကို အခြေခံ၍ အဖွဲ့ဝင်နိုင်ငံ များ၏  ဒေသတွင်းရိုးရာ  အစား အသောက်များကို    သန့်ရှင်း သပ်ရပ်စွာဖြင့် ဖန်တီးမြှင့်တင်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ခရီးစဉ်ဒေသ များကို ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပိုမိုအဆင့်မြှင့်တင်ရေး၊ ခရီးသွား လုပ်ငန်းတွင်  အမျိုးသမီးများ၏ ပါဝင်မှု  အခန်းကဏ္ဍတိုးမြှင့်ရေး နှင့်    ခရီးသွားလုပ်ငန်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များကို စနစ်တကျ လေ့ကျင့်မွေးထုတ်ရေး အတွက် မဲခေါင်ခရီးသွားလုပ်ငန်း အာဏာပိုင်များ   ပြန်လည်လေ့လာ သုံးသပ်ရန်  လိုအပ်ချက်များနှင့် ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စရပ် များကို ဆွေးနွေးကြသည်။ 

 


မဲခေါင်    ခရီးသွားလုပ်ငန်း ဖိုရမ် -၂၀၂၃ နှင့်ဆက်စပ်၍ ဒေသတွင်းခရီးသွားလုပ်ငန်းဆွဲဆောင် မှုများနှင့်    ဆက်စပ်ဝန်ဆောင်မှု လုပ်ငန်းများကို   ခင်းကျင်းပြသ သည့် အစီအစဉ်တွင် မြန်မာနိုင်ငံ မှ    ပြခန်းနှစ်ခု  ပါဝင်ပြသ၍ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများ၊ ရိုးရာယဉ်ကျေးမှုများနှင့်  အစား အသောက်များကို ခင်းကျင်းပြသ ပြီး    အဆိုပါဖိုရမ်နှင့်   ခရီးသွား ပြပွဲသို့  နိုင်ငံပေါင်း  ၁၉   နိုင်ငံမှ  ခရီးသွားလုပ်ငန်းဆိုင်ရာ  အစိုးရ နှင့် ပုဂ္ဂလိကကိုယ်စားလှယ် ၂၅၀ ခန့် တက်ရောက်ကြသည်။

 


မြန်မာနိုင်ငံအနေဖြင့်     (၅၂) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲခရီးသွားလုပ်ငန်းအဖွဲ့  အစည်း အဝေးနှင့် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်း    ညှိနှိုင်းရေးရုံး ဘုတ်အဖွဲ့    အစည်းအဝေးတို့ကို ၂၀၂၃  ခုနှစ်  နိုဝင်ဘာလအတွင်း အိမ်ရှင်အဖြစ်    လက်ခံကျင်းပသွား ရန်ရှိကြောင်း သိရသည်။


သတင်းစဉ်