ကဆုန်လပြည့်ဗုဒ္ဓနေ့ဆိုင်ရာ မဟာမင်္ဂလာအခမ်းအနားများ အပိုင်း ငါးပိုင်းခွဲပြီး နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာ ကျင်းပမည်

 

နေပြည်တော်    ဧပြီ   ၂၇


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ကဆုန်လပြည့် ဗုဒ္ဓနေ့ဆိုင်ရာမဟာမင်္ဂလာအခမ်းအနားများ     ကျင်းပရေးဦးစီး ကော်မတီနှင့်  လုပ်ငန်းကော်မတီ   ညှိနှိုင်းအစည်း အဝေးကို    ယနေ့မွန်းလွဲပိုင်းတွင်    နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန    စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


အစည်းအဝေးသို့   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကဆုန်လပြည့် ဗုဒ္ဓနေ့ဆိုင်ရာ မဟာမင်္ဂလာ အခမ်းအနားများကျင်းပရေး       ဦးစီးကော်မတီ ဥက္ကဋ္ဌ   သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊  ဒုတိယဝန်ကြီးများ၊   နေပြည်တော်တိုင်း စစ်ဌာနချုပ်    ဒုတိယတိုင်းမှူး၊   အမြဲတမ်းအတွင်းဝန် များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြသည်။

 


အစည်းအဝေးတွင်     ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ယခင်နှစ်များက ကဆုန်လပြည့် ဗုဒ္ဓနေ့ ရောက်တိုင်း မဟာဗောဓိပင်တော်များကို ညောင်ရေ သွန်းလောင်းသည့်  အစီအစဉ်တစ်ခုကိုသာ  အစဉ် အလာအနေဖြင့် ဆောင်ရွက်ခဲ့ကြသော်လည်း ယခု နှစ်တွင် သံဃာတော်များကို လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊    စာတမ်းဖတ်ပွဲ ကျင်းပခြင်း၊      ကဆုန်ညောင်ရေသွန်းလောင်းပွဲ အခမ်းအနားကျင်းပခြင်း၊ ဆီမီးတိုင်များ   ကိုင်ဆောင် ၍ လှည့်လည်ပူဇော်ခြင်းနှင့်  ဓမ္မသဘင်  ဆင်ယင် ကျင်းပခြင်းဟူ၍ အပိုင်း ငါးပိုင်းခွဲပြီး နိုင်ငံတော်အဆင့် နှင့် အညီ    ခမ်းနားထည်ဝါစွာ   ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း။
လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် ဆပ်ကော်မတီ များအနေဖြင့် ဆပ်ကော်မတီအလိုက် သတ်မှတ်ထား သည့် လုပ်ငန်းတာဝန်များကို အပြန်အလှန် ပေါင်းစပ် ညှိနှိုင်းပြီး ဆောင်ရွက်ကြစေလိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍  ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် စည်းကမ်းသတ်မှတ်ချက်များ အတိုင်း  အလေးထားလိုက်နာရန်   လိုအပ်ကြောင်း ပြောကြားသည်။ 

 


ထို့နောက်  ကဆုန်လပြည့်ဗုဒ္ဓနေ့ဆိုင်ရာ   မဟာ မင်္ဂလာအခမ်းအနားများ     ကျင်းပရေး       လုပ်ငန်း ကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက  ကဆုန်လပြည့် ဗုဒ္ဓနေ့ဆိုင်ရာ     မဟာမင်္ဂလာအခမ်းအနားများ အောင်မြင်စွာ     ကျင်းပနိုင်ရေးအတွက်    ကြိုတင် ပြင်ဆင်ထားရှိမှုနှင့်   ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးတင်ပြပြီးဆပ်ကော်မတီများက ကော်မတီအလိုက် ဆွေးနွေးတင်ပြကြသည်။ 

 


ဆွေးနွေးတင်ပြ


ဆက်လက်၍     နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊    အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များက ကဆုန်လပြည့် ဗုဒ္ဓနေ့ ဆိုင်ရာ မဟာမင်္ဂလာအခမ်းအနားများ  ကျင်းပရေး ဆိုင်ရာ လုပ်ငန်းဆောင်ရွက်ထားရှိမှုများနှင့် အခြား အကြံပြုချက်များကို ဆွေးနွေးတင်ပြကြသည်။

 


ယင်းနောက် ပြည်ထောင်စုဝန်ကြီးက  မြန်မာ နိုင်ငံတွင် ဗုဒ္ဓနေ့အခမ်းအနားအဖြစ် ပထမဆုံးစတင် ကျင်းပပြုလုပ်ခြင်းဖြစ်သဖြင့် ဂုဏ်ယူဝမ်းမြောက်စွာ ဖြင့်   ကုသိုလ်ယူဆောင်ရွက်ပေးကြရန်  တိုက်တွန်း ကြောင်း၊     နောင်နှစ်များတွင်လည်း    ယခုထက် ကောင်းမွန်သည့် ဗုဒ္ဓနေ့အခမ်းအနားများ ကျင်းပနိုင် ရေး   အားလုံးကြိုးစားလုပ်ဆောင်ပေးကြပါရန်နှင့် အခမ်းအနား  အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီများကို ပေါင်းစပ်ညှိနှိုင်းပေးပြီး လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။                            

 

သတင်းစဉ်