ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ရုရှား - မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

 

နေပြည်တော်   ဧပြီ    ၂၇


သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး  ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင် ရီသည် ရုရှား - မြန်မာ ချစ်ကြည် ရေးနှင့်  ပူးပေါင်းဆောင်ရွက်ရေး အသင်း    ဒုတိယဥက္ကဋ္ဌ    မစ္စတာ အန်နာသိုလီ   ဘူးလော့ချ်နိကော့ ဦးဆောင်သည့်    ကိုယ်စားလှယ် အဖွဲ့အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ    ပြည်ထောင်စု ဝန်ကြီးရုံး    ဧည့်ခန်းမ၌    လက်ခံ တွေ့ဆုံသည်။

 


ထိုသို့တွေ့ဆုံစဉ်       မြန်မာ- ရုရှား နှစ်နိုင်ငံအကြား ဓာတ်သတ္တု ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍဆိုင်ရာ ကိစ္စရပ်များ၊   နည်းပညာပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ   ကိစ္စရပ် များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်း စွာ  အမြင်ချင်းဖလှယ်  ဆွေးနွေး ကြသည်။

 


တွေ့ဆုံပွဲသို့   သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန    ဒုတိယဝန်ကြီး များ၊ ဌာနအကြီးအမှူးများ၊ ရုရှား- မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးအသင်း  ကိုယ်စား လှယ်များနှင့်    တာဝန်ရှိသူများ တက်ရောက်ကြသည်။
 

သတင်းစဉ်