
နေပြည်တော် ဧပြီ ၂၇
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ် အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း၏ ကြိုတင် ပြင်ဆင်ခြင်း လုပ်ငန်းတစ်ခုဖြစ် သည့် GIS နည်းပညာကို အသုံး ပြုပြီး သန်းခေါင်စာရင်းယူနစ်များ (Census Units) နှင့် စာရင်း ကောက်ကွက် မြေပုံများဖွဲ့စည်း ခြင်းလုပ်ငန်းကို ဇေယျာသီရိ မြို့နယ်၌ ဆောင်ရွက်နေမှုအား နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင် ယနေ့ နံနက် ပိုင်းက လာရောက်ကြည့်ရှု စစ်ဆေးသည်။
ဇေယျာသီရိမြို့နယ်ရှိ မြို့ပေါ် ရပ်ကွက်များ ဖြစ်ကြသည့် အောင်ဇေယျ၊ ပြည်စံအောင်နှင့် ပုပ္ပါးကုန်းရပ်ကွက်များအား ယနေ့ နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ဇေယျာသီရိမြို့နယ်ရုံး၌ အခြေ ပြု၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်သူ့အင်အားဦးစီးဌာနမှ အဖွဲ့ ခေါင်းဆောင် လက်ထောက်ညွှန် ကြားရေးမှူး ဒေါ်လင်းလင်းမာက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ဇေယျာ သီရိမြို့နယ် ဦးစီးမှူးနှင့် တိုက် နယ်မှူးများ၊ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများနှင့် ပူးပေါင်း ညှိနှိုင်း၍ ဆောင်ရွက်လျက်ရှိရာ နေပြည်တော် ကောင်စီ အဖွဲ့ဝင် ဦးကျော်သိန်းဆိုင် လာရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည် များ မှာကြားခဲ့ကြောင်း သိရ သည်။
သတင်းစဉ်