
ရန်ကုန် ဧပြီ ၂၆
ရန်ကုန်တိုင်းဒေသကြီး ဘာသာ ပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့အလုပ်အမှုဆောင်များ စုံညီ အစည်းအဝေးကို ဧပြီ ၂၆ ရက် မွန်းလွဲပိုင်းက ဗိုလ်တထောင် မြို့နယ် ကမ်းနားလမ်းရှိ ဘာသာ ပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့(ဗဟို) အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသ ကြီး ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးဦး က နှုတ်ခွန်းဆက်အမှာစကား ပြောကြားပြီး ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးထွန်းထွန်းဦး (ဗုဒ္ဓ ဘာသာ)၊ ဦးကျော်ဇင်လတ် (ဟိန္ဒူ ဘာသာ)၊ ဦးသန်းဝင်း (အစ္စလာမ် ဘာသာ)တို့က နှုတ်ခွန်းဆက် စကားများ ပြောကြားကြသည်။
အခမ်းအနားတွင် ဥက္ကဋ္ဌက ဦးစားပေးအနေဖြင့် အဖွဲ့ဝင် အခြားသော ဘာသာဝင်များ၏ ကျန်းမာရေး စောင့်ရှောက်မှုများအကူအညီပေးနိုင်ရေးနှင့် လက်ရှိ ဘဏ္ဍာရေး အခြေအနေများကို ချပြဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာ ကြသော ခရိုင်အသီးသီးမှ ဥက္ကဋ္ဌ များနှင့် တာဝန်ရှိသူများက ခရိုင်၊ မြို့နယ်အတွင်း လက်ရှိအခြေ အနေများနှင့် စည်းရုံးရေး ဆောင်ရွက်ပြီးစီးမှုများကို တင်ပြ ဆွေးနွေးကြသည်။ ဆွေးနွေးမှု များအပေါ် တိုင်းဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးတို့ကပေါင်းစပ်ညှိနှိုင်း ဖြေကြားပေး သည်။
ယင်းနောက် တိုင်းရန်ပုံငွေ အဖြစ် ဥက္ကဋ္ဌ ဦးဌေးဦး၊ ဒုတိယ ဥက္ကဋ္ဌများဖြစ်ကြသည့် ဦးကျော် ဇင်လတ်၊ ဦးသန်းဝင်းတို့က ငွေကျပ် ငါးသိန်းစီ၊ အထွေထွေ အတွင်းရေးမှူး ဦးထွန်းထွန်းဦး၊ တွဲဖက်ဘဏ္ဍာရေးမှူး ဦးကောင်း မြတ်ဇော်တို့က ငွေကျပ် သုံးသိန်းစီ၊ ပြန်ကြားရေးမှူး ဦးသူရအောင် က ငွေကျပ် နှစ်သိန်း၊ ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းထွန်းဦး၊ တွဲဖက် အတွင်းရေးမှူး ဦးကျော်နိုင်ဦး၊ မှော်ဘီခရိုင်၊ မင်္ဂလာဒုံခရိုင်၊ ဗိုလ်တထောင်ခရိုင်၊ အင်းစိန်ခရိုင်၊ လှည်းကူးခရိုင်၊ တိုက်ကြီးခရိုင်တို့ က ငွေကျပ် တစ်သိန်းစီ စုစုပေါင်း ငွေကျပ် ၃၁ သိန်းကို ပေးလှူ ကြသည်။ အစီအစဉ်အရ ဥက္ကဋ္ဌ ဦးဌေးဦးက နိဂုံးချုပ်အမှာ စကား ပြောကြားကြောင်း သိရ သည်။
ကိုကြီးတင်