လျှပ်စစ်ဓာတ်အားပြတ်တောက်ချိန်များတွင် ရေဖြန့်ဖြူးပေးနိုင်ရေးဆောင်ရွက်နေမှု ရန်ကုန်မြို့တော်ဝန် ကွင်းဆင်းစစ်ဆေး

 

ရန်ကုန်    ဧပြီ    ၂၆


ရန်ကုန်တိုင်းဒေသကြီး  စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်     စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော် ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေနှင့် ကော်မတီဝင် များနှင့်အတူ   ယနေ့   နံနက်  ၆   နာရီခွဲတွင် မရမ်းကုန်းမြို့နယ်  (၈) ရပ်ကွက်  ဝေဇယန္တာလမ်းရှိ အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု) ဂန္ဓမာထပ်ဆင့် ရေတွန်းစက်ရုံသို့ သွားရောက်၍ 176 kW  ရေတွန်း စက် လေးလုံးနှင့် 880 kVA မီးစက်တပ်ဆင်မောင်းနှင်၍ လုပ်ငန်းဆောင်ရွက်နေမှုကို      ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 


ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် သင်္ဃန်း ကျွန်းမြို့နယ်   စုပေါင်းရပ်ကွက်    ဝေဇယန္တာလမ်း သုဝဏ္ဏရေတွန်းစက်ရုံသို့ သွားရောက်၍ 30 kW/ 40 HP   ရေတွန်းစက်   လေးလုံး၊  25 HP ရေတွန်းစက် သုံးလုံးနှင့်  500 kVA  မီးစက်တပ်ဆင်မောင်းနှင်၍ လုပ်ငန်းဆောင်ရွက်နေမှု၊ ဝေဇယန္တာလမ်းနှင့် သစ်ရာ ပင်လမ်းထောင့်သို့ သွားရောက်၍ အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု)မှ အရှည် ပေ၄၀၀၊ အကျယ် ၁၄   ပေ၊     အုတ်ရေမြောင်း    တည်ဆောက်နေမှုနှင့် အုတ်ရေမြောင်းနှင့်  ကားလမ်းအကြား  ရေစုကန် တူးဖော်နေမှု ဒဂုံမြို့နယ် ပြည်လမ်းရှိ ပြည်သူ့ရင်ပြင် နှင့် ပြည်သူ့ဥယျာဉ်သို့  သွားရောက်ကာ  ကဆုန် လပြည့် ဗုဒ္ဓနေ့ကို ရည်မှတ်၍ ရွှေတိဂုံစေတီတော် မြတ်ကြီးအား  သံဃာတော်  ၁၁၁၁၁  ပါးတို့ဖြင့် ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာအခမ်းအနား နှင့် ဆွမ်းဆန်တော်  စုပေါင်းလောင်းလှူပွဲမင်္ဂလာ အခမ်းအနားကျင်းပရေး   ပြင်ဆင်ဆောင်ရွက်နေမှု တို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 


ထိုမှတစ်ဆင့်  မြို့တော်ဝန်နှင့်အဖွဲ့သည်  နံနက် ၁၁ နာရီတွင် မြို့တော်ခန်းမ  ပထမထပ်ရှိ  အစည်း အဝေး ခန်းမ(၄)၌  ကျင်းပသော  ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ကော်မတီဝင်များနှင့် ဌာနမှူးများ    ညှိနှိုင်းအစည်းအဝေး   အမှတ်စဉ် (၁၁/၂၀၂၃) သို့တက်ရောက်၍ မေ ၂ ရက်တွင် ကျင်းပမည့် ကဆုန်လပြည့်   ဗုဒ္ဓနေ့ကိုရည်မှတ်၍ ရွှေတိဂုံစေတီတော်မြတ်ကြီးအား    သံဃာတော် ၁၁၁၁၁ ပါးတို့ဖြင့်   ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားနှင့်  ဆွမ်းဆန်တော်  စုပေါင်း လောင်းလှူပွဲမင်္ဂလာအခမ်းအနား  ကျင်းပရေးတွင် ဌာနအသီးသီးမှ   ကျရာကဏ္ဍအလိုက်    ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန်မှာကြားသည်။ 

 


ဆက်လက်၍ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် ရန်ကုန်တိုင်းဒေသကြီး    စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က   သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ မြို့တော် ဝန်က     လိုအပ်သည်များ     မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။    

သတင်းစဉ်