
နေပြည်တော် ဧပြီ ၂၆
မေ ၁ ရက်တွင်ကျရောက်မည့် အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) နေပြည်တော်၌ အလုပ်သမားဝန်ကြီး ဌာနမှ ဝန်ထမ်းများစုပေါင်း၍ သွေးလှူဒါန်းပွဲ ကျင်းပ ရာ အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်း ဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်အားပေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း က အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီး များ၊ ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များ သည် သွေးလှူရှင်ဝန်ထမ်းများကို ဆေးဝါးများနှင့် အာဟာရပစ္စည်းများ ပေးအပ်၍ ဝန်ထမ်းများ စုပေါင်း သွေးလှူဒါန်းနေမှုကို ကြည့်ရှုအားပေးသည်။
ယင်းနောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ် သည်။ အဆိုပါစုပေါင်းသွေးလှူဒါန်းပွဲတွင် အလုပ် သမားဝန်ကြီးဌာနမှ ဝန်ထမ်း ၆၀ စုပေါင်း သွေး လှူဒါန်းကြကြောင်း သိရသည်။
သတင်းစဉ်