နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းကို တရားဝင်စတင်လက်ခံခြင်း (Grand Opening) အခမ်းအနား တက်ရောက်

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းကို တရားဝင်စတင်လက်ခံခြင်း (Grand Opening) အခမ်းအနားနှင့် 
ကမ္ဘာ့မူပိုင်ခွင့်နေ့(၂၀၂၃) အထိမ်းအမှတ်အခမ်းအနားတက်ရောက်

 

နေပြည်တော်   ဧပြီ    ၂၆


ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းကို   တရားဝင်   စတင်လက်ခံခြင်း (Grand Opening) အခမ်းအနားနှင့် ကမ္ဘာ့မူပိုင်ခွင့်နေ့(၂၀၂၃) အထိမ်း အမှတ်အခမ်းအနားကို  ယနေ့  နံနက် ၉ နာရီတွင်  နေပြည်တော်ရှိ    စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပရာ မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဝင်၊   ဒုတိယဝန်ကြီးချုပ်နှင့်   ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက် အမှာစကား ပြောကြားသည်။

 


အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးများ၊      ဒုတိယဝန်ကြီး များ၊   အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဌာနဆိုင်ရာ များမှ  တာဝန်ရှိသူများ၊  အစိုးရ မဟုတ်သော  အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊  ကုန်အမှတ် တံဆိပ်မှတ်ပုံတင်ခြင်း     ဆောင် ရွက်နေသော ဥပဒေအကျိုးဆောင် မူပိုင်ခွင့်ဆိုင်ရာ ကိုယ်စားလှယ် များ    ပါဝင်တက်ရောက်ကြပြီး နိုင်ငံတကာ    အဖွဲ့အစည်းများမှ ဖိတ်ကြားထားသူများနှင့်   တိုင်း ဒေသကြီး/ ပြည်နယ်ရုံး၊ ရုံးခွဲများမှ တာဝန်ရှိသူများက  Online  ဖြင့် ပါဝင်တက်ရောက်ကြသည်။ 

 


အခမ်းအနားတွင်    မူပိုင်ခွင့် ဆိုင်ရာ    ဗဟိုကော်မတီ   ဥက္ကဋ္ဌ နိုင်ငံတော်    စီမံအုပ်ချုပ်ရေး ကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ် နှင့်   ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက  မြန်မာ နိုင်ငံအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ (World Trade Organiza-tion-WTO)   နှင့်  ကမ္ဘာ့မူပိုင်ခွင့် အဖွဲ့     (World    Intellectual Property Organization -WIPO) တို့၏ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် ဖြစ်တည်လာပြီး နောက်ပိုင်းတွင် နိုင်ငံတကာအဆင့်မီသည့် မူပိုင် ခွင့်စနစ်တစ်ရပ် တည်ထောင်ရန် လိုအပ်လာကြောင်း၊    မူပိုင်ခွင့် ဥပဒေ ၄ ရပ်ကို ၂၀၁၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး      ယင်းဥပဒေများ အနက် ကုန်အမှတ်တံဆိပ် မူပိုင် ခွင့် ဥပဒေကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် အာဏာတည်ခဲ့ပြီး ဖြစ်ကြောင်း၊ အမှတ်တံဆိပ်မှတ်ပုံ တင်ခြင်းအား တရားဝင် လက်ခံ ဆောင်ရွက်ခြင်းကို ၂၀၂၃ ခုနှစ်၊ ဧပြီ ၂၆ ရက်တွင်  စတင်မည်ဖြစ် သည့်အတွက် ယနေ့သည် မြန်မာ နိုင်ငံ၏     မူပိုင်ခွင့်သမိုင်းတွင် ပြည်တွင်း၊ ပြည်ပမှ အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းကို     ကုန်အမှတ် တံဆိပ် မူပိုင်ခွင့်ဥပဒေအရ ဆောင် ရွက်နိုင်ရန် စတင်သည့် မှတ်တမ်း ဝင် နေ့ရက်ဖြစ်ပါကြောင်း။

 


ယနေ့သည်  “ကမ္ဘာ့မူပိုင်ခွင့် နေ့ (World IP Day)” ဖြစ်သည့် အတွက်     ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ (WIPO)၏ အဖွဲ့ဝင်နိုင်ငံအသီးသီး တွင် အထိမ်းအမှတ် အခမ်းအနား များကို ကျင်းပလျက်ရှိပါကြောင်း၊ ယခုနှစ် ကမ္ဘာ့မူပိုင်ခွင့်နေ့ (၂၀၂၃) ၏ ဆောင်ပုဒ်သည် “Women and IP: Accelerating Innovation and Creativity” “မူပိုင်ခွင့်နှင့် အမျိုးသမီးများ ဆန်းသစ်တီထွင် မြှင့်တင်သွား” ဖြစ်သည့်အတွက် မူပိုင်ခွင့်ကဏ္ဍနှင့်       တီထွင် ဆန်းသစ်မှုကဏ္ဍများတွင်   ပါဝင် ဆောင်ရွက်နေကြသည့်   အမျိုး သမီးများကို အထူးအသိအမှတ်ပြု သည့်  နှစ်တစ်နှစ်ဖြစ်ပါကြောင်း၊ ယခုအခမ်းအနားတွင် ကမ္ဘာ့မူပိုင် ခွင့်နေ့ (၂၀၂၃) ၏  ဆောင်ပုဒ်နှင့် စပ်လျဉ်းသည့်    စကားဝိုင်းနှင့် ကုန်အမှတ် တံဆိပ်မူ ပိုင်ခွင့်ဆိုင်ရာ သိကောင်းစရာများ စကားဝိုင်းတို့ ကို ထည့်သွင်းစီစဉ်ထားရှိရာ အဆို ပါ    စကားဝိုင်းဆွေးနွေးမှုများမှ တစ်ဆင့် မူပိုင်ခွင့်ဆိုင်ရာ ဗဟုသုတ များ ရရှိစေနိုင်မည်ဖြစ်ပါကြောင်း။

 


 နိုင်ငံတော်တွင် ကုန်အမှတ် တံဆိပ်မှတ်ပုံတင်ခြင်းကို ဥပဒေ အရ       ဆောင်ရွက်ပေးခြင်းနှင့် အမှတ်တံဆိပ်များအား     အကာ အကွယ်    ပေးနိုင်ခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှု၊  ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေး  လုပ်ငန်း များတွင်  ပိုမိုဖွံ့ဖြိုးတိုးတက်လာစေခြင်း၊ အမှတ်တံဆိပ်ပိုင်ရှင်နှင့် အခွင့်အရေးရရှိသူတို့၏   အကျိုး စီးပွားကို   ထိရောက်စွာ  အကာ အကွယ်ပေးခြင်း၊  အမှတ်တံဆိပ် တုပမှုနှင့်  ကုန်ပစ္စည်းအတုများ ဈေးကွက်သို့  ဝင်ရောက်လာမှုကို ဟန့်တားနိုင်သည့်အတွက် မျှတ သော ဈေးကွက်ယှဉ်ပြိုင်မှုစနစ် ကို  တည်ဆောက်စေနိုင်ခြင်းနှင့် အများပြည်သူအတွက် ဘေးကင်း လုံခြုံသည့်      ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ခြင်း စသည့်အကျိုး ကျေးဇူးများကို ရရှိစေနိုင်မည်ဖြစ် ကြောင်းနှင့် နိုင်ငံတော်၏မူပိုင်ခွင့် စနစ် တည်ဆောက်ရာတွင်   မိမိ တို့နှင့်    သက်ဆိုင်သည့်   အခန်း ကဏ္ဍများတွင်   ဝိုင်းဝန်းပူးပေါင်း ပါဝင်    ဆောင်ရွက်ပေးကြပါရန် ပြောကြားသည်။

 


ထို့နောက်   မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီ     ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီးက အမှာစကားပြောကြား ပြီး ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့မှ ညွှန်ကြား ရေးမှူးချုပ်၏      ၂၀၂၃   ခုနှစ်  ကမ္ဘာ့မူပိုင်ခွင့်နေ့အတွက်   ပေးပို့ သည့်   Video Message  ကို ပြသ သည်။

 


ယင်းနောက် မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီဥက္ကဋ္ဌက     ကုန် အမှတ်တံဆိပ်    မှတ်ပုံတင်ခြင်း တရားဝင်      စတင်လက်ခံခြင်း ကို    စက်ခလုတ်နှိပ်       ဖွင့်လှစ် ပေးသည်။

 


ဆက်လက်၍   မူပိုင်ခွင့်ဦးစီး ဌာန၏      လှုပ်ရှားမှုမှတ်တမ်း Documentary ကို ပြသပြီး မူပိုင် ခွင့်ဆိုင်ရာ ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊     ဒုတိယဝန်ကြီး နှင့်   ညွှန်ကြားရေးမှူးချုပ်တို့က ကမ္ဘာ့မူပိုင်ခွင့်နေ့ အထိမ်းအမှတ် ကဗျာ၊     ပိုစတာ၊     ကာတွန်း၊ ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိခဲ့ ကြသူများနှင့်    ဂုဏ်ပြုတေးရေး စပ်သီကုံးသူ၊    သီဆိုသူများကို ဂုဏ်ပြုဆုငွေ၊ ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့်  ဂုဏ်ပြု လက်မှတ်တို့ကို   ပေးအပ်ချီးမြှင့် ကြသည်။

 


ထို့နောက် တေးသံရှင်များက ကမ္ဘာ့မူပိုင်ခွင့်နေ့(၂၀၂၃) အထိမ်း အမှတ်အခမ်းအနား     ဂုဏ်ပြု တေးသီချင်းဖြစ်သည့် “ဉာဏ်ပန်း ကလေးတွေ        လန်းဆန်းစေ” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေပြီး မူပိုင်ခွင့်ဦးစီးဌာနမှ    အရာထမ်း၊ အမှုထမ်းများက “ပုခက်လွှဲသော မူပိုင်ခွင့်လက်များ” တေးသီချင်း တို့ဖြင့် တေးသရုပ်ဖော် တင်ဆက် ကြသည်။

 


ယင်းနောက်        မူပိုင်ခွင့် ဆိုင်ရာ    ဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများနှင့် တာဝန်ရှိသူများ သည် ကမ္ဘာ့မူပိုင်ခွင့်နေ့ အထိမ်း အမှတ်ပြိုင်ပွဲများတွင် ဆုရရှိကြ သူများနှင့်အတူ စုပေါင်းမှတ်တမ်း တင် ဓာတ်ပုံရိုက်ကြသည်။
ဆက်လက်၍       မူပိုင်ခွင့် ဆိုင်ရာ      ဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ  ဝန်ကြီးများသည်    အခမ်းအနား သို့ တက်ရောက်လာကြသူများနှင့် အတူ   ခင်းကျင်းပြသထားသည့် အမှတ်တံဆိပ် မှတ်ပုံတင်လျှောက် ထားခြင်း သရုပ်ဖော်ပြသထားမှု၊ မူပိုင်ခွင့်စနစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှု မှတ်တမ်းဓာတ်ပုံများ၊ ၂၀၂၃ ခုနှစ် ကမ္ဘာ့မူပိုင်ခွင့်နေ့ အထိမ်းအမှတ် ကဗျာ၊       ပိုစတာ၊    ကာတွန်း၊ ဆောင်းပါးပြိုင်ပွဲဝင် လက်ရာများ နှင့်    ဆုရရှိသူများ၏   လက်ရာ များ၊  မူပိုင်ခွင့်ဦးစီးဌာန၏ ဒေသ ဆိုင်ရာ အညွှန်းဆောင်ရွက်ချက် များ၊  မူပိုင်ခွင့်ဥပဒေ လေးမျိုးနှင့် ကုန်ပစ္စည်း   အတု - အစစ်  ပြသ ထားမှုတို့ကို  လှည့်လည်ကြည့်ရှု ကြသည်။

 


ထို့နောက် ကမ္ဘာ့မူပိုင်ခွင့်နေ့ (၂၀၂၃)၏ ဆောင်ပုဒ် “မူပိုင်ခွင့်နှင့် အမျိုးသမီးများ ဆန်းသစ်တီထွင် မြှင့်တင်သွား” ခေါင်းစဉ်ဖြင့် မူပိုင် ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေး မှူးချုပ် သုံးဦး ပါဝင်သည့် အမျိုး သမီး   လေးဦးက    စကားဝိုင်း ဆွေးနွေးခြင်း၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်အကြောင်း   သိကောင်း စရာခေါင်းစဉ်ဖြင့် မူပိုင်ခွင့်ဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့်    စီးပွားရေးလုပ်ငန်းရှင်များ အသင်းအဖွဲ့ဝင်  ခြောက်ဦးတို့က စကားဝိုင်း    ဆွေးနွေးခြင်းများ ပြုလုပ်ပြီး      အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ 

 


စီးပွားရေး  လုပ်ငန်းရှင်များ အနေဖြင့် ဧပြီ ၂၆ ရက်မှစတင်၍ အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန မူပိုင်ခွင့်ဦးစီးဌာန နေပြည်တော် (ရုံးချုပ်)၊ အောက် မြန်မာပြည်   (ရန်ကုန်ရုံးခွဲ)  နှင့် အထက်မြန်မာပြည်     (မန္တလေး ရုံးခွဲ)  တို့တွင်       လူကိုယ်တိုင် လာရောက်၍    လည်းကောင်း၊ မူပိုင်ခွင့်ကိုယ်စားလှယ်မှ တစ်ဆင့် Online   ဖြင့်    လည်းကောင်း လျှောက်ထားမှတ်ပုံတင်နိုင်ပြီ ဖြစ် ကြောင်း သိရသည်။

သတင်းစဉ်