
နေပြည်တော် ဧပြီ ၂၅
သီးနှံပေါ်ချိန်တွင် ပြန်လည် ပေးဆပ်လာမည့် ရန်ပုံငွေများ ကို လာမည့်စိုက်ပျိုးရာသီများ အတွက် လှည့်ပတ်ရန်ပုံငွေအဖြစ် ဆက်လက် အသုံးပြုနိုင်ရေး ရည်ရွယ် ဆောင်ရွက်ပေးသည့် နိုင်ငံတော်၏ စေတနာမွန်ကို လက်တွေ့အကောင်အထည်ဖော် နိုင်ရန် သက်ဆိုင်ရာ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ တောင်သူများက စုစည်းညီညွတ်စွာ ကြိုးပမ်းပေး ကြစေလိုကြောင်း ယနေ့နံနက် ပိုင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးကြ မည့် နေပြည်တော် လယ်ဝေး မြို့နယ် ခရမ်းကိုင်းကျေးရွာ တောင်သူများ၊ ပုဂ္ဂလိကလုပ်ငန်း ရှင်များနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်က ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး က ဆည်ရေပေးဝေမှု လုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်စေရန်နှင့် ပိုမိုစနစ်တကျဖြစ်စေရန်၊ ရေ အလေအလွင့်ဆုံးရှုံးမှုကို အနည်း ဆုံးပမာဏဖြင့် အထိရောက်ဆုံး ရေပေးဝေမှု စီမံဆောင်ရွက်နိုင်ရန်၊ ရေအသုံးချသူများအဖွဲ့ (WUG)များ စနစ်တကျ ထပ်မံတိုးချဲ့ ဖွဲ့စည်းဆောင်ရွက်ရန်လိုကြောင်း၊ မျိုးစေ့နှုန်းထားနှင့် စိုက်ပျိုးရေ ခြိုးခြံချွေတာသည့် စနစ်များ ကျင့်သုံးကြရန် လိုကြောင်း၊ မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးလာရေး အတွက် မျိုးစေ့ထုတ်တောင်သူ အစုအဖွဲ့များစုဖွဲ့ခြင်း၊ မျိုးစေ့ သန့်စင်စက်များ တည်ထောင် အသုံးပြုခြင်းများ ဆောင်ရွက်ရန် လိုကြောင်း၊ အိမ်ခြံဝင်းအတွင်း ငုံးမွေးမြူရေး၊ တိုင်းရင်းကြက်များ တစ်နိုင်တစ်ပိုင် မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် အားပေးကူညီခြင်းဖြင့် တောင်သူ များ အပိုဝင်ငွေတိုးရေးနှင့် ကျေးရွာ သူ ကျေးရွာသားများ အလုပ်အကိုင် ရရှိရေးကို ဖန်တီးဖော်ဆောင်ပေး နိုင်ရန် ကြိုးပမ်းကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အခမ်းအနားသို့ တက်ရောက် လာကြသူများသည် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုး ထားသည့် နွေစပါးစိုက်ခင်းများ ကို ကြည့်ရှုအားပေးကြသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်းကျေးရွာရှိ စက်မှု လယ်ယာဝန်ဆောင်မှု ရှေ့တန်း စခန်းတွင် စက်မှုလယ်ယာဦးစီး ဌာနက သုတေသနပြု စမ်းသပ် ဆောင်ရွက်ထားရှိသော ကောက်ရိုး များ၊ သစ်ရွက်စိမ်းများ၊ နွားချေး များကို လေပေးစနစ်ဖြင့် သဘာဝ မြေဆွေးပြုလုပ်ရန် အလျား ၁၀ ပေ၊ အနံ ရှစ်ပေနှင့် အမြင့် လေးပေ ရှိ မြေဆွေးကန်နှင့် လေမှုတ်စနစ် တပ်ဆင် ဆောင်ရွက်ထားရှိမှု၊ မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုး ထားသည့် နွေနှမ်းစိုက်ခင်းတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရ သည်။
သတင်းစဉ်