မကွေးတိုင်းဒေသကြီးအတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် ဘိုးဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့် စလင်းမြို့နယ်ရှိ လေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့

 

နေပြည်တော်    ဧပြီ    ၂၅


၂၀၂၃ -  ၂၀၂၄  ဘဏ္ဍာနှစ်  မကွေးတိုင်းဒေသကြီး အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများ အတွက်  လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့်  စလင်း မြို့နယ်ရှိ        လေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသ ကြီး အစိုးရအဖွဲ့ရုံး  အစည်းအဝေးခန်းမ၌  ကျင်းပသည်။

 


အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ မကွေးတိုင်းဒေသ ကြီး   ဝန်ကြီးချုပ်  ဦးတင့်လွင်နှင့်   တိုင်းဒေသကြီး ဝန်ကြီးများ၊  ဌာနဆိုင်ရာ  အကြီးအကဲများ၊ ခရိုင် အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

 


အခမ်းအနားတွင်      ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော လူမှုဝန်ထမ်း လုပ်ငန်းများ၊   ဘေးအန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲမှု လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ မကွေးတိုင်းဒေသကြီးအတွင်း     လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသူ   အသက် (၈၅) နှစ်နှင့်အထက် ဘိုးဘွား  ၁၈၁၈၀ အတွက်  လူမှုရေးပင်စင်ထောက်ပံ့ ပေးမှုအခြေအနေများ၊          အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ       စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တိုင်းဒေသကြီးအတွင်း     သဘာဝဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည့်အခြေအနေ များ၊  ဘေးအန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲမှုဦးစီးဌာနမှ တိုက်ပွဲရှောင်များ၊ အကြမ်းဖက်ခံရမှုကြောင့် ထိခိုက် ခံခဲ့ရသူများအတွက် ထောက်ပံ့ပေးနေမှုအခြေအနေ များကို ရှင်းလင်းဆွေးနွေးပြောကြားပြီး မကွေးတိုင်း ဒေသကြီးအတွင်းရှိ   အသက် (၈၅) နှစ်နှင့်အထက် ဘိုးဘွား ၁၈၁၈၀  အတွက် လူမှုရေးပင်စင်ထောက်ပံ့ ငွေကျပ်  သန်း  ၅၄၅  ဒသမ  ၄၀  ၊ စလင်းမြို့နယ် လေဘေးသင့်ပြည်သူများအတွက်   အိမ်ဆောက် ပစ္စည်းဖိုး   ထောက်ပံ့ငွေကျပ်   ၄၀၈၀၀၀၀ဝ  နှင့် ဆန်အိတ် ၄၆၅ အိတ်တို့ကို တိုင်းဒေသကြီး ဝန်ကြီး ချုပ်ထံ လွှဲပြောင်းပေးအပ်သည်။

 


ထို့နောက်       တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျေးဇူးတင်စကား       ပြန်လည်ပြောကြားပြီး တိုင်းဒေသကြီးအတွင်း    သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းများ  ဆောင်ရွက်နေမှု၊   အကြမ်းဖက်ခံရမှု ကြောင့် ထိခိုက်ခံရသူများအတွက် ထောက်ပံ့ကူညီမှု နှင့် ဒေသတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 


အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မကွေးမြို့ ဖန်ခါးမြေဘိုးဘွား ရိပ်သာသို့ သွားရောက်၍ ဘိုးဘွားများကို ဦးခိုက် ကန်တော့ကြကာ ဘိုးဘွားများအတွက် ထောက်ပံ့ငွေ များပေးအပ်ပြီး    ရိပ်သာအတွင်း  ဘိုးဘွားများ၏ စားသောက်နေထိုင်မှုအတွက်    ဆောင်ရွက်ထားမှု များကို   ကြည့်ရှုစစ်ဆေး၍   လိုအပ်သည်များ ကူညီ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 


ဆက်လက်၍        ပြည်ထောင်စုဝန်ကြီးသည် လူမှုဝန်ထမ်းဦးစီးဌာန မကွေးကလေးပြုစုရေးဌာန သို့ ရောက်ရှိပြီး ကလေးများကို ပြုစုစောင့်ရှောက်နိုင် ရေးအတွက် ဝန်ထမ်းအင်အား ဖြည့်တင်းပေးနိုင်ရေး၊ လေဝင်လေထွက်နှင့်   အလင်းရောင်ကောင်းမွန်စွာ ရရှိရေးနှင့်   သဘာဝပတ်ဝန်းကျင်ကို  ထိတွေ့ခံစား နိုင်ရေး    ဆောင်ရွက်သွားရမည့်  ကိစ္စရပ်များကို မှာကြားကာ ကလေးပြုစုရေးဌာနအတွင်း ပြုစုစောင့် ရှောက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု သည်။

 


ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မကွေး မြို့ရှိ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန    ဝန်ထမ်းများနှင့်   တွေ့ဆုံ၍ ပြည်သူနှင့်ဆက်ဆံရသောဌာနဖြစ်၍ လူမှုဝန်ထမ်း သမားကောင်းများ ပီသစွာဖြင့် ဆက်ဆံရေးပြေပြစ် ရန်၊ ကွန်ပျူတာ၊ အင်္ဂလိပ်စာများ ကျွမ်းကျင်ရန်နှင့် လုပ်ငန်းအခက်အခဲများကို မိသားစုစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းဖြေရှင်းကြရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို   ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။                   

သတင်းစဉ်