
နေပြည်တော် ဧပြီ ၂၅
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှု တားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများ အား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့ စကား” အစီအစဉ်မှ “စစ်ကိုင်းမြို့နယ်အတွင်း၌ PDF အမည်ခံအကြမ်းဖက်သမားများ၏ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်မှုကြောင့် ရေကစား နေသည့်ကျေးရွာသူ ကျေးရွာသားများနှင့် ကလေး သူငယ်များ သေဆုံးထိခိုက်ဒဏ်ရာရရှိမှု” ခေါင်းစဉ် ဖြင့် ဧပြီ ၂၆ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့် တင်ဆက်ပေးသွားမည်ဖြစ်သည်။
လာမည့်အပတ် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီတွင် “ထားဝယ်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက် သမားများက ခရီးသွားမော်တော်ယာဉ်အား လက်နယ်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်မှု ကြောင့် အပြစ်မဲ့ပြည်သူ အမျိုးသမီးတစ်ဦး သေဆုံးမှု” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ဆက် မည်ဖြစ်သောကြောင့် ပါဝင်ဆွေးနွေးလိုသူ ပရိသတ်များအနေဖြင့် အပတ်စဉ် ကြာသပတေးနေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉- ၈၉၉၀၉၉၅၉၅ သို့ အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့် ပြန်လည်ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို Message ပေးပို့ပါဝင်နိုင်ပြီဖြစ် ကြောင်းနှင့် ပါဝင်လာသည့် ပရိသတ်များ၏ ဖုန်းနံပါတ်များနှင့် ကိုယ်ရေးအချက်အလက်များ အား လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်