နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   ဧပြီ    ၂၅


ပြည်ထောင်စုနယ်မြေ  နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်ရှိ      မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားကိုးကွယ်ရန်   ဆောင်ရွက်လျက်ရှိသည့်  မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက် ပြီးစီးနေမှုအခြေအနေများကို နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများလိုက်ပါ၍    ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 


ရှင်းလင်းတင်ပြ


ဦးစွာ ရှင်းလင်းဆောင်၌ ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး  ကံမြင့်သန်းက ဧပြီ ၅ ရက်နှင့်  ၂၂  ရက်နေ့များက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် လာရောက်စစ်ဆေးစဉ်  မှာကြားချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊      မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား ထုဆစ်ခြင်းနှင့် တည်ထားကိုးကွယ်ရန် ဆောင်ရွက်နေမှု၊ လက်မှုအချောထည်များ ဆောင် ရွက်နေမှု၊  ဥဏ္ဏလုံမွေးရှင်တော်တပ်ဆင်ပူဇော်ရန် ဆောင်ရွက်နေမှု၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ၏  အတိုင်းအတာနှင့်  အလေးချိန်ဆိုင်ရာ အချက် အလက်များကို   QR   Code  ဖြင့်  ဖော်ပြနိုင်ရန် ဆောင်ရွက်လျက်ရှိမှုများကို       လည်းကောင်း၊ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း က ဗုဒ္ဓဥယျာဉ်အတွင်း သာသနိကအဆောက်အအုံ များ၊  ရေပန်းရင်ပြင်၊  ရင်ပြင်တော်၊  ဂန္ဓကုဋိတိုက်၊ မုစလိန္ဒအိုင်နှင့်    နဂါးရုံဘုရားတည်ဆောက်ခြင်း၊ သာသနာ့ဗိမာန်တည်ဆောက်ခြင်းနှင့် ကျောက်စာရုံ စေတီများ   တည်ဆောက်ခြင်း၊  အဝင်မုခ်ဦးများ တည်ဆောက်နေမှုနှင့်   လုပ်ငန်းတိုးတက်မှုအခြေ အနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  အဖွဲ့ဝင်များသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ထုဆစ်ပြီးစီးမှု၊ တံခွန်တိုင်တည်ဆောက်နေမှု၊     ဂန္ဓကုဋိတိုက်များ တည်ဆောက်ပြီးစီးမှု၊ သုဓမ္မာဇရပ်များ တည်ဆောက် ပြီးစီးမှု၊ ရေပန်းရင်ပြင် တည်ဆောက်ပြီးစီးမှု၊ အဝင် မုခ်ဦးများ တည်ဆောက်ပြီးစီးမှု၊ ကျောက်စာရုံစေတီ တော်များ      တည်ဆောက်ပြီးစီးမှု၊     မုစလိန္ဒအိုင် တည်ဆောက်ပြီးစီးမှုအခြေအနေများကို   လိုက်လံ ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက် များအပေါ်  လိုအပ်သည်များ  မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 


ရည်ရွယ်ချက် ၄ ရပ်ဖြင့် တည်ထားကိုးကွယ်


အဆိုပါ “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မြန်မာနိုင်ငံတွင်     ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာ ကို ပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်မှု၏    ဗဟိုချက်ဖြစ်စေရန်၊   တိုင်းပြည် အေးချမ်းသာယာမှုရှိစေရန်၊    ကမ္ဘာကြီးငြိမ်းချမ်း သာယာမှုဖြစ်စေရန် စသည့်ရည်ရွယ်ချက် ၄ ရပ်ဖြင့် တည်ထားကိုးကွယ်ရန်          လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊    စကျင်ကျောက်တော်ကြီးတည်ရှိရာ
မတ္တရာမြို့နယ် စကျင်တောင်မှ ဆီမီးခုံဆိပ်ကမ်းထိ ရေလမ်းကြောင်းဖြင့်လည်းကောင်း၊   ထိုမှတစ်ဆင့် မန္တလေး-ရန်ကုန် အမြန်လမ်းအတိုင်း နေပြည်တော် သို့ Modular Trailer များဖြင့်လည်းကောင်း အခက် အခဲများစွာကြားမှ  ပင့်ဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ နေပြည်တော်သို့   ရောက်ရှိလာသည့်  ကျောက်တုံး တော်ကြီးများကို     အဆင့်မြင့်နည်းပညာဖြစ်သည့် CNC Machine များဖြင့် ပုံဖော်ထုဆစ်ခြင်းလုပ်ငန်း များကို ကျွမ်းကျင်ပညာရှင်များ၊ ခေတ်မီစက်ကိရိယာ များဖြင့်   နေ့မအား၊  ညမနား  ကြိုးပမ်းဆောင်ရွက် ခဲ့ကြောင်း။

 


၉၅  ရာခိုင်နှုန်းပြီးစီး


ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏    ဆင်းတုတော် အပိုင်း (၁/၂/၃)တို့ကို တွဲဆက်ထားသည့် ဆင်းတု တော် အစိတ်အပိုင်းကြီးကို ဇန်နဝါရီ ၂၆ ရက် မင်္ဂလာ အချိန်တွင်    ရတနာပလ္လင်တော်ထက်သို့   စတင် ပင့်ဆောင်ခဲ့ကာ ဇန်နဝါရီ ၃၁ ရက်တွင် ပလ္လင်တော် ထက်သို့ အောင်မြင်စွာ ပင့်ဆောင်ပူဇော်နိုင်ခဲ့ကြောင်း၊ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင်လည်း   ဦးဆောင်ဘုရား ဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမှူးပြုသည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်တစ်ဝန်းလုံးမှ (၇)ရက် သား၊ သမီး၊ ဘုရားဒါယကာ၊    ဒါယိကာမများ၊   စေတနာရှင်၊ အလှူရှင်များက        ကုသိုလ်ပြုလှူဒါန်းထားသည့် အဖိုးတန်ကျောက်မျက်ရတနာဌာပနာတော် ကုသိုလ် ပစ္စည်းများ ဌာပနာသွင်းလှူပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနားများကို ဇန်နဝါရီ ၂၇ ရက်နှင့် ဖေဖော်ဝါရီ ၁၀   ရက်တို့တွင်   အောင်မြင်စွာ   ပြုလုပ်ပြီးစီးခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းလုံးမှ ဌာပနာတော်ကုသိုလ်ရှင်များ၊ ပြည်သူပြည်သားများ အားလုံး ဝမ်းမြောက်နုမော်သာဓု ခေါ်ဆိုခဲ့ကြကြောင်း၊ ဖေဖော်ဝါရီ ၁၁ ရက်တွင် ဆင်းတုတော်အပိုင်း ၄ ကို ရတနာပလ္လင်တော်ထက်သို့   ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို   ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ယခုအခါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး   ထုဆစ်မှုမှာ   ၉၅  ရာခိုင်နှုန်း  ပြီးစီးပြီ ဖြစ်ကြောင်း။

 


လေ့လာနာယူကြည်ညိုနိုင်ရေး


ထိုကဲ့သို့ ရုပ်ပွားတော်မြတ်ကြီး ထုဆစ်နေသည့် နည်းတူ   ဗုဒ္ဓဥယျာဉ်တော်ကြီးအတွင်း  သာသနိက အဆောက်အဦများစွာကိုလည်း   ထည့်သွင်းတည် ဆောက်လျက်ရှိကြောင်း၊ ထို့ပြင် ဆရာတော်ကြီးများ ၏  ဩဝါဒမိန့်ကြားချက်များအရ  ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျမ်းစာများကို   ကမ္ဘာကပါ  သိရှိနိုင်ရေး အတွက်   စကျင်ကျောက်ချပ်များပေါ်၌   ခေတ်မီ စက်ကိရိယာများအသုံးပြုပြီး ပါဠိအက္ခရာ၊ Roma-nize   Language   တို့ဖြင့်  ကျောက်စာတော်များ တည်ထားဆောင်ရွက်လျက်ရှိကြောင်း၊  ထုဆစ်ပြီးစီး သည့်   ဗုဒ္ဓမြတ်စွာဘုရား၏  နှုတ်ကပါဌ်တော်လာ ပိဋကတ်သုံးပုံ      အဋ္ဌကထာဋီကာကျမ်းစာများကို မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မျက်နှာတော် မူရာ ရှေ့မျက်နှာစာ၌ စိုက်ထူပူဇော်ထားရှိပြီး ဘုရား ဖူးလာ  မိဘပြည်သူများအနေဖြင့်  ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား  လာရောက်ဖူးမြော်ချိန်တွင် ကျောက် စာတိုက်အတွင်းရှိ          ပိဋကတ်သုံးပုံတော်လာ အဋ္ဌကထာဋီကာကျမ်းစာများကို    တစ်ပါတည်း လေ့လာနာယူကြည်ညိုနိုင်ရေး   စီစဉ်ဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ ထို့ပြင် ကမ္ဘာပေါ်ရှိ ဘုန်းတော် ကြီးကျောင်းများသို့       ဖြန့်ဝေရန်အတွက်လည်း ပိဋကတ်ကျမ်းစာအုပ်များကို      ပါဠိအက္ခရာနှင့် Romanize   Language  တို့ဖြင့်  ရိုက်နှိပ်ရန်  စီမံ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယခုအခါ သာသနိက အဆောက်အအုံများနှင့်   ဗုဒ္ဓဥယျာဉ်တည်ဆောက် မှုမှာ ၈၂ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း။

 


အလင်းပေးပူဇော်ထားရှိ


ထို့ပြင် ညချမ်းချိန်ခါများတွင်လည်း မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ကျောက်စာရုံစေတီတော် များ၊ ရေပန်းရင်ပြင်တော်များ၊ ဘုရားကြီးရင်ပြင်တော်၊ သုဓမ္မာဇရပ်များနှင့်    ပင်မအဝင်လမ်းတို့၌   အများ ပြည်သူကြည်ညိုသပ္ပာယ်ဖွယ်      မီးများထွန်းညှိ၍ အလင်းပေးပူဇော်ထားရှိကြောင်း       သတင်းရရှိ သည်။                       

သတင်းစဉ်