
ဗန်းမော် ဧပြီ ၂၂
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်း ကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကမ္ဘာကြီးပူနွေးလာမှုနှင့် ခရမ်းလွန်ရောင်ခြည် များအကြောင်း သိကောင်းစရာ ဆွေးနွေးပွဲ (Talk Show) ကို ဧပြီ ၂၁ ရက်က ဗန်းမော်ခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်သည်။
အဆိုပါ Talk Show တွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သဲစုမိုးက ပြည်သူများ သိရှိ လိုက်နာဆောင်ရွက်ရန် လိုအပ်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိ ပညာပေးထဲက ကမ္ဘာကြီးပူနွေးလာမှုနှင့် ခရမ်းလွန်ရောင်ခြည်များ အကြောင်းသိကောင်း စရာများနှင့်ပတ်သက်၍ ကမ္ဘာကြီးပူနွေးလာမှု၏ အဓိပ္ပာယ်၊ ကမ္ဘာကြီးပူနွေးလာရသည့် အကြောင်းအရင်းများ၊ ကမ္ဘာကြီးပူနွေးလာခြင်း ကြောင့်ဖြစ်ပေါ်နိုင်သည့် အကျိုးဆက်များ၊ ကမ္ဘာကြီးပူနွေးလာမှုကို လျှော့ချနိုင်ရန် ဆောင်ရွက်သင့်သည့်အချက်များ၊ ခရမ်းလွန် ရောင်ခြည်၏ အဓိပ္ပာယ်၊ ခရမ်းလွန်ရောင်ခြည် စံနှုန်း(UV Index)အကြောင်းများ၊ ခရမ်းလွန် ရောင်ခြည်အမျိုးအစားအလိုက် ဆိုးကျိုး သက်ရောက်မှုများ၊ ခရမ်းလွန်ရောင်ခြည်ကာကွယ်ရန်နည်းလမ်းများကို မေးမြန်းခဲ့ရာ ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူးဦးဝေယံကျော်က ကမ္ဘာကြီး ပူနွေးလာမှုနှင့် ခရမ်းလွန်ရောင်ခြည်များ အကြောင်း သိကောင်းစရာများကို အကျယ်တဝင့် ဆွေးနွေးဖြေကြားခဲ့သည်။
ဆက်လက်၍ ပြည်သူများအနေဖြင့် ခရမ်း လွန်ရောင်ခြည်ကာကွယ်ရန်အတွက် နေ အပြင်းဆုံး အချိန်များတွင် နေပူထဲတိုက်ရိုက် သွားလာခြင်းများ ရှောင်ကြဉ်သင့်ကြောင်း အပြင်သို့သွားလာပါက ထီးအမြဲယူသွားသင့် ကြောင်း၊ ခန္ဓာကိုယ်ကို လုံလုံခြုံခြုံဝတ်ဆင်သင့် ကြောင်း၊ လုံလုံခြုံခြုံဝတ်ဆင်ရာတွင် အရောင် ဖျော့သည့် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်၊ လေဝင်လေထွက်ကောင်းသည့် ဦးထုပ်အကြီး ကြီးတွေ ဝတ်ဆင်သင့်ပါကြောင်း မျက်လုံး ထိခိုက်မှုမဖြစ်စေရန် UV-A နှင့် UV-B နှစ်မျိုး လုံး ကာကွယ်ပေးသည့် နေကာမျက်မှန် အမျိုး အစားကို တပ်ဆင်သင့်ကြောင်း၊ ရေများများ သောက်သင့်ကြောင်း ၊ ကလေးများ နေရောင် အောက်သို့ ခေါ်ဆောင်သွားမည်ဆိုပါက အထက်နည်းလမ်းများအတိုင်း လိုက်နာသင့် ကြောင်း စသည်ဖြင့် အသိပညာပေးဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်
(ပြန်/ဆက်)