
နေပြည်တော် ဧပြီ ၂၂
နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် အရိန္ဒမာခန်းမ၌ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ တပ်ဖွဲ့ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်/ ဝန်ထမ်းများနှင့် မိသားစုဝင် စုစုပေါင်း ၂၆၀ တို့ကို ယနေ့ နံနက် ၉ နာရီက ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာန သွားနှင့်ခံတွင်း ကျန်းမာရေး စောင့်ရှောက်မှု နယ်လှည့်ကွင်းဆင်း ဆေးကုသ ရေးအဖွဲ့မှ ကျန်းမာရေးဝန်ထမ်း ၂၈ ဦးတို့က သွားဖာခြင်း၊ သွားနှုတ်ခြင်းနှင့် သွားနှင့်ခံတွင်း သန့်ရှင်းရေး ပြုလုပ်ပေးခြင်းတို့ကို အခမဲ့ကုသ ပေးသည်။
သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှု ခံယူကြသည့် တပ်ဖွဲ့ဝင်/ ဝန်ထမ်းများနှင့် မိသားစု ဝင်များကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် တိုးရီ၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်နှင့်ဇနီး၊ အမြဲတမ်း အတွင်းဝန် ဦးခိုင်ထွန်းဦးနှင့်ဇနီး၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် ဇနီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိ ကြီးများက ကြည့်ရှုအားပေးကြပြီး ကျန်းမာ ရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာနမှ နယ်လှည့် ကွင်းဆင်း ဆေးကုသရေးအဖွဲ့ကို ဒုတိယဝန်ကြီးများ က ထောက်ပံ့ငွေနှင့် အမှတ်တရလက်ဆောင်ပစ္စည်း များပေးအပ်ခဲ့ကြောင်း သိရသည်။ သတင်းစဉ်