လေပြင်းတိုက်ခတ်မှုများကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် မြို့နယ်၊ ကျေးရွာများအား လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်၊ စားသောက်ဖွယ်ရာများနှင့် အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်

 

နေပြည်တော်  ဧပြီ    ၂၂    
မကွေးတိုင်းဒေသကြီး   စလင်း မြို့နယ်အတွင်း၌   ယနေ့  နံနက် ၁ နာရီခန့်တွင် လေပြင်းတိုက်ခိုက် မှုကြောင့် အဆိုပါမြို့နယ်အတွင်းရှိ ရပ်ကွက် ကိုးရပ်ကွက်နှင့်ကျေးရွာ  ၉၄ ရွာတို့မှ   နေအိမ်  ၆၃၈ လုံး၊ စာသင်ကျောင်းငါးကျောင်း၊ ဘုန်း တော်ကြီးကျောင်း သုံးကျောင်း၊ ဓမ္မာရုံ  တစ်ခု၊   လျှပ်စစ်မီးတိုင် ကိုးတိုင်၊ စေတီတော် နှစ်ဆူ၊ ဌာန ဆိုင်ရာရုံးအဆောက်အဦ နှစ်လုံး၊ ဝန်ထမ်းအိမ်ရာ  နှစ်ခန်း၊  ရေစင်  တစ်ခုနှင့်      နတ်မောက်မြို့နယ်  အတွင်းရှိ    မြို့ပေါ်မှ    ရပ်ကွက် ခုနစ်ခုနှင့်    ကျေးရွာ   ၂၀  တို့မှ နေအိမ် ၂၉၆ လုံးတို့ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။
အလားတူ     မန္တလေးတိုင်း ဒေသကြီးအတွင်း   ယနေ့  နံနက် ၁    နာရီခွဲခန့်တွင်     လေပြင်း တိုက်ခတ်မှုကြောင့်    အောင်မြေ သာစံမြို့နယ်၌ နေအိမ် လေးလုံး၊ လျှပ်စစ်မီးတိုင် ၂၄ တိုင်၊ စာသင် ကျောင်း နှစ်ကျောင်း၊ စေတီတော် နှစ်ဆူ၊ မော်တော်ယာဉ် ခြောက်စီး၊ မတ္တရာမြို့နယ်    တောင်ပြုံးကြီး ကျေးရွာ၌       နေအိမ်သုံးလုံး၊ ဆူးကားကျေးရွာ၌ နေအိမ်ကိုးလုံး၊ ဥဒေါင်းကျေးရွာ၌ နေအိမ် ၁၆ လုံး၊ သပြေသာကျေးရွာ၌      စာသင် ကျောင်း  တစ်ကျောင်း၊    ပေါက်ဝဲ ကျေးရွာ၌ နေအိမ် ၂၅ လုံး၊ ပုသိမ် ကြီးမြို့နယ် သရက်တစ်ပင်ကျေးရွာ ၌     လျှပ်စစ်မီးတိုင် ခြောက်တိုင်၊ စေတီ တစ်ဆူနှင့်    သပိတ်ကျင်း မြို့နယ်၊ ပေါက်တစ်ပင်ကျေးရွာ တို့၌ နေအိမ်ခုနစ်လုံးတို့ အမိုးလန်၊ ပြိုကျပျက်စီးခြင်းများ  ဖြစ်ပေါ်ခဲ့ သည်။
အဆိုပါ လေပြင်းတိုက်ခတ်မှု များ ဖြစ်ပေါ်ခဲ့သည့်နေရာများသို့ ယနေ့   နံနက်ပိုင်းတွင်   မန္တလေး တပ်နယ်နှင့် စလင်းတပ်နယ်တို့မှ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ     ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်    ဌာန ဆိုင်ရာ ဝန်ထမ်းများက သွားရောက် ၍     အမိုးလန်     ပြိုကျနေသည့် စာသင်ကျောင်းများနှင့် လူနေအိမ် များကို  သန့်ရှင်းရေးပြုလုပ်ပေး ခြင်း၊    လျှပ်စစ်မီးတိုင်များအား ပြန်လည်    ထူထောင်ပေးခြင်း၊ စေတီတော်များ    မြေခနေမှုအား သန့်ရှင်းရေး  ပြုလုပ်ပေးခြင်းနှင့် လဲကျနေသော သစ်ပင်၊ သစ်ကိုင်း များ ခုတ်ထွင်ရှင်းလင်းပေးခြင်း စသည့်     ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေး ကြသည်။
ထိုသို့  ဆောင်ရွက်ပေးနေမှု ကို  တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိ သူများက     လိုက်လံကြည့်ရှုပြီး လေဘေးသင့်        ပြည်သူများ ကို   စားသောက်ဖွယ်ရာများနှင့် အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ ပေးအပ်ကာ      လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်