
နေပြည်တော် ဧပြီ ၂၂
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေ ဗိမာန်က ၂၀၂၁ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု ဝတ္ထုတိုပေါင်းချုပ် ဒုတိယဆု ရရှိသည့် စာရေးဆရာမ တက္ကသိုလ်မြမဉ္ဇူ၏ ‘ဘဝမြစ်ပြင် ကျယ်နှင့် အခြားဝတ္ထုတိုများ’ စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင် ဝတ္ထုတို ၁၂ ပုဒ် ပါဝင်သည်။ ဝတ္ထုတိုအားလုံးသည် လူ့ဘဝဇာတ်ခုံပေါ်တွင် ဖြစ်ပျက်နေကြသည့် ဘဝသရုပ်ဖော်ဝတ္ထုတို များဖြစ်ကာ ရသမြောက်အောင်ရေးဖွဲ့ထားသည်။ မိဘအပေါ် ဆိုးညစ် ယုတ်မာသောကြောင့် အရက်သမားမှ အရူးဘ၀သို့ ပြောင်းလဲသွားသူ၊ သံခေါင်းစွပ်သရဲ၊ မြွေဆရာ ကတိသစ္စာမတည်သောကြောင့် အသက် ဆုံးရှုံးသွားရပုံ၊ ချမ်းသာသောဂျပန်သူဌေးကြီး၏ ချစ်ရေးဆိုမှုကို ကံငါးပါးထိန်းသိမ်းသော မြန်မာအမျိုးသမီးတစ်ဦးက ငြင်းပယ်သော ဝတ္ထုတို၊ ဇနီးမောင်နှံနှစ်ဦး၏ တစ်ဦးနှင့်တစ်ဦး ဆန့်ကျင်လေ့ရှိသော စိတ်နေသဘောထားကို ဟာသနှောကာ ရေးသားထားသည့်ဝတ္ထုတို၊ ဖဲသမားထွန်းမောင်၏ အသုဘမှ ရယ်မောဖွယ်ဟာသ၊ ယောဂီ ဒေါ်ဂွမ်းပုံ၏ဘဝဇာတ်လမ်း စသည့်ဝတ္ထုတိုများပါဝင်သည့် စာအုပ် ကောင်းတစ်အုပ်ဖြစ်သည်။
အဆိုပါစာအုပ်ကို ရောင်းဈေး ကျပ် ၂၅ဝဝ ဖြင့် အမှတ် ၅၂၉- ၅၃၁ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅) သပြေကုန်းဈေး နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်း နှင့် ၂၂ လမ်းကြား မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂- ၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ပြီး လက်ကားမှာယူလိုပါက အမှတ် ၅၂၉- ၅၃၁ ကုန်သည်လမ်းရှိ စာပေဗိမာန် အရောင်းဌာန(ဖုန်း ၀၁- ၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်သည်။ သတင်းစဉ်