ရန်ကုန်မြို့၌ ကတ္တရာကွန်ကရစ်ထပ်ပိုးလွှာခင်း၍ လမ်းအဆင့်မြှင့်တင် ဆောင်ရွက်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် အနော်ရထာလမ်း ဖွင့်ပွဲပြုလုပ်

 

နေပြည်တော်   ဧပြီ    ၂၂
ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ  အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား)မှ တာဝန်ယူ ဆောင်ရွက်ခဲ့သည့်         ကတ္တရာ ကွန်ကရစ်ထပ်ပိုးလွှာခင်း၍  လမ်း အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့သော ဗိုလ်ချုပ်           အောင်ဆန်းလမ်း (ရွှေတိဂုံဘုရားလမ်းမှ  သိမ်ဖြူ လမ်းအထိ)  အရှည် ပေ ၅၅၀၀ ၊ အကျယ်  ပေ   ၆၀  လမ်းနှင့် အနော်ရထာလမ်း(သိမ်ဖြူလမ်းမှ ရွှေတိဂုံဘုရားလမ်းအထိ) အရှည် ပေ ၅၅၀၀ ၊ အကျယ် ပေ ၆၀ လမ်း ဖွင့်ပွဲကို      ယနေ့နံနက်ပိုင်းက အဆိုပါ  လမ်းများ၌  ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ် ဌာနချုပ်    တိုင်းမှူး    ဗိုလ်ချုပ် ဇော်ဟိန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်       ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီး ချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများ က   အဆိုပါ   လမ်းများအား အသီးသီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ကြသည်။  ထို့နောက်   တိုင်းဒေသ ကြီး ဝန်ကြီးချုပ်၊  တိုင်းမှူးနှင့် တာဝန်ရှိသူများက        အဆိုပါ လမ်းများအား    လိုက်လံကြည့်ရှု စစ်ဆေးကြသည်။
ရန်ကုန်မြို့တော်   စည်ပင် သာယာရေးကော်မတီ  အင်ဂျင် နီယာဌာန (လမ်းနှင့် တံတား) ၏ လုပ်ငန်းတာဝန်များတွင်   ပါဝင် သော  မြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ   လမ်းများ တည်ဆောက်ခြင်း၊       ပြုပြင် ထိန်းသိမ်းခြင်း၊  အဆင့်မြှင့်တင် ခြင်းလုပ်ငန်းများကို  ဘဏ္ဍာရေး နှစ်များအလိုက်  လျာထားတင်ပြ ဆောင်ရွက်လျက်ရှိရာ      ၂၀၂၃- ၂၀၂၄        ဘဏ္ဍာရေးနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်း         လမ်း (အောက်ရတနာလမ်းမှ အောက် ပုဇွန်တောင်လမ်းအထိ) စုစုပေါင်း အရှည်   ပေ   ၁၃၂၀၀   (၂ မိုင် ၄ ဖာလုံ)   ကို    ကတ္တရာကွန်ကရစ် ထပ်ပိုးလွှာခင်း၍  အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။        
 သတင်းစဉ်