နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုဖြစ်ပွားခဲ့သည့် လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးရွာများမှ  လေဘေးသင့်ပြည်သူများအား သွားရောက်ကြည့်ရှုအားပေး

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုဖြစ်ပွားခဲ့သည့် လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးရွာများမှ 
လေဘေးသင့်ပြည်သူများအား သွားရောက်ကြည့်ရှုအားပေး၊ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

 

နေပြည်တော်    ဧပြီ    ၂၂


နေပြည်တော်      ကောင်စီ နယ်မြေ လယ်ဝေးမြို့နယ်အတွင်း ဧပြီ ၂၁ ရက်  ည  ၆  နာရီ  မိနစ်  ၂၀   ခန့်တွင်     လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့်   အောင်မြင် ကုန်းကျေးရွာရှိ       လူနေအိမ် ၁၅၅     လုံး၊     စာသင်ကျောင်း တစ်ကျောင်း၊ ကျေးလက်ဆေးပေး ခန်း   တစ်လုံး၊   ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်းနှင့် တံတား ဦးကျေးရွာရှိ    လူနေအိမ်  ၇၇ လုံး၊      ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းတို့ ပျက်စီးဆုံးရှုံးခဲ့ပြီး  ဒေသခံပြည်သူ    ၁၁၃  ဦး ထိခိုက် ဒဏ်ရာများ    ရရှိခဲ့ကြောင်းနှင့်    သေဆုံးသူ    ခြောက်ဦးရှိပြီဖြစ် ကြောင်း သိရှိရသည်။

 


အဆိုပါ ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ကျေးရွာများသို့        နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များ၊   ဌာနဆိုင်ရာ   ဝန်ထမ်းများ နှင့်      စေတနာ့ဝန်ထမ်းများက အရေးပေါ်     ကယ်ဆယ်ရေး လုပ်ငန်းများ  ဆောင်ရွက်ပေးခြင်း၊ဒဏ်ရာရပြည်သူများအား နီးစပ်ရာ ဆေးရုံများသို့   ဆေးကုသမှုခံယူ နိုင်ရေး    ပို့ဆောင်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

 


ကြည့်ရှုအားပေး


ထိုသို့   ကူညီကယ်ဆယ်ရေးဆောင်ရွက်နေမှုများနှင့် လေဘေး သင့်ပြည်သူများကို  ယနေ့နံနက် ပိုင်းတွင်   နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော် ဝန်ကြီးချုပ်       ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်   ကောင်စီ အတွင်းရေးမှူး   ဒုတိယဗိုလ်ချုပ် ကြီး အောင်လင်းဒွေး၊ ပြည်ထောင်စု ဝန်ကြီးများ၊        နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊    ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၊   နေပြည်တော်တိုင်းစစ် ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူ များ လိုက်ပါ၍ သွားရောက်ကြည့်ရှု အားပေးသည်။

 


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လယ်ဝေးမြို့နယ် အောင်မြင်ကုန်း ကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်အောင်နှင့် လေဘေးသင့်     ပြည်သူများကို တွေ့ဆုံအားပေးစကား ပြောကြား ကာ လေဆင်နှာမောင်းတိုက်ခတ် မှုကြောင့်        သေဆုံးခဲ့ရသည့် အောင်မြင်ကုန်း      ကျေးရွာနှင့် တံတားဦးကျေးရွာမှ       ပြည်သူ များအတွက်    ထောက်ပံ့ငွေများ ကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ ထို့နောက်  နိုင်ငံတော်      စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်က    လေပြင်းတိုက်ခတ်မှု ကြောင့်           ပျက်စီးခဲ့ရသည့် စာသင်ကျောင်းများကို    လာမည့်ကျောင်းဖွင့်ချိန်အမီ ပြီးစီးအောင် 
ပြန်လည်  တည်ဆောက်ပေးရန်၊ ဘုန်းတော်ကြီးကျောင်းကိုလည်း ကောင်းမွန်အောင်   ပြန်လည် ဆောင်ရွက်ပေးရန်နှင့်  လူနေအိမ် များကိုလည်း       အိမ်ရာကွက် စနစ်တကျ   ပြန်လည်ဖော်ဆောင် ၍  နေအိမ်များ  ပြန်လည်တည် ဆောက်     နေထိုင်နိုင်စေရေး အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊        နေပြည်တော် ကောင်စီနှင့်    နေပြည်တော် တိုင်းစစ်ဌာနချုပ်တို့မှ    လိုအပ် သည်များကို   ကူညီဆောင်ရွက် ပေးရန်၊ ကျေးရွာရှိ လေဘေးသင့် ပြည်သူများ လတ်တလောစားရေး အဆင်ပြေစေရေးအတွက်လည်း လိုအပ်သည်များကို      ကူညီ ထောက်ပံ့  ဆောင်ရွက်ပေးရန်နှင့် အခြားလိုအပ်သည်များကို တာဝန် ရှိသူများအား အလေးထားမှာကြား သည်။
ယင်းနောက်    နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည်    လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် အောင်မြင်ကုန်း ကျေးရွာ         စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် လူနေ အိမ်များအား လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ ကူညီဆောင်ရွက် ပေးရန်       တာဝန်ရှိသူများကို မှာကြားသည်။

 


ထို့နောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည်         နေပြည်တော် အထွေထွေရောဂါကု ဆေးရုံကြီး ခုတင်(၁၀၀၀)သို့ ရောက်ရှိကြပြီး ဆေးရုံတက်ရောက် ဆေးဝါးကုသ မှုခံယူလျက်ရှိသည့် လေဘေးသင့် ပြည်သူများကို       တစ်ဦးချင်း ရင်းရင်းနှီးနှီး      အားပေးစကား ပြောကြားကာ          စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပြီး လိုအပ်သည်များ   ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း    သတင်းရရှိ သည်။    


သတင်းစဉ်