အပူဒဏ်ကြောင့် သတိလစ်ခြင်းအား အရေးပေါ်ရှေးဦးပြုစုပါ

အပူဒဏ်ကြောင့်   သတိလစ်ခြင်း   (Heat Stroke)   ခံစားရပါက အောက်ဖော်ပြပါ ရောဂါလက္ခဏာများအား ခံစားရနိုင်ပါသည်-
    v    အရေပြားပူ၍ ခြောက်သွေ့ခြင်း (သို့) ချွေးအလွန်အကျွံထွက်ခြင်း 
    v    စိတ်ရှုပ်ထွေးခြင်း 
    v    သတိလစ်ခြင်း  
    v    တက်ခြင်း
    v    ခန္ဓာကိုယ်အပူချိန် အလွန်အကျွံမြင့်တက်ခြင်းတို့ဖြစ်ပါသည်။ 
အထက်ပါ အပူဒဏ်လက္ခဏာများ ခံစားနေရသော လူနာအား တွေ့ရှိ ပါက - 
    v    လူနာအား အရိပ်ရ၊ အေးမြသောနေရာ(သို့) လေပန်ကာရှိသော နေရာ (သို့) လေအေးပေးစက်ရှိသောအခန်းသို့ ရွှေ့ပြောင်းပါ။
    v    လူနာအား နီးစပ်ရာ ဆေးရုံ/ဆေးခန်းသို့ အမြန်ဆုံးပို့ဆောင်ပါ။ အရိပ်ရသည့် နေရာသို့ ပို့ဆောင်ပါ (သို့မဟုတ်) အရိပ်ရအောင် ဆောင်ရွက်ပေးပါ။
    v    အောက်ဖော်ပြပါနည်းလမ်းများအတိုင်း ရှေးဦးစွာပြုစုပေးပါ။
    ၁။    လူနာ၏ ခြေရင်းဘက်အား မြှင့်ထားပေး၍ ပက်လက်အနေ အထားဖြင့် ထားပါ။ 
    ၂။     လူနာ၏ အဝတ်အစားများအား ချွတ်ပေးပါ။
    ၃။    လူနာကောင်းစွာ  သတိရနေပါက  ရေအေးအေး (သို့)  ဓာတ် ဆားရည် (ORS) တိုက်ပေးပါ။
    ၄။    လူနာ၏ကိုယ်ပေါ်သို့ ရေအေးအေး ဖျန်းပေးပါ။
    ၅။    လူနာ၏ လည်ပင်း၊ ချိုင်းနှစ်ဖက်၊ ပေါင်ခြံနှစ်ဖက်တို့အား  ရေ အေးအေး (သို့)   ရေခဲစိမ်ထားသော   အဝတ်များဖြင့် ရေပတ် အုပ်ပေးပါ။
    ၆။    လေပန်ကာရှိပါက   လူနာအား  ပန်ကာလေမှုတ်ပေးပါ  (သို့) ယပ်ခပ်ပေးပါ။


ကျန်းမာရေးဝန်ကြီးဌာန