
ပုသိမ် ဧပြီ ၂၁
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူး ကျင်းပသော ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲ အခမ်း အနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့ ဧရာရွှေဝါ ခန်းမ၌ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီး ဝန်ကြီး များနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ သင်တန်း သား၊သင်တန်းသူများတက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာ စကားပြောကြားပြီး ယဉ်ကျေးလိမ္မာ သင်တန်း အတွက် ရုပ်စုံဗုဒ္ဓသာသနာဝင်စာအုပ်ရေ ၂၀၀၊ ပြည်သူ့နီတိစာအုပ်ရေ ၂၀၀ နှင့် ဗလာစာအုပ်များနှင့် စာရေးကရိယာများကို လည်းကောင်း၊ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း ဗဟိုအဖွဲ့က လှူဒါန်းသော ၃၈ ဖြာမင်္ဂလာ ဗုဒ္ဓဝင်ဘုရားရှိခိုးစာအုပ်ရေ ၂၀၀ အား တိုင်းဒေသကြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်း အတွင်းရေးမှူးက တိုင်းဒေသကြီး လူမှုရေးရာ ဝန်ကြီးထံသို့လည်းကောင်း ပေးအပ်လှူဒါန်းသည်။
အဆိုပါသင်တန်းတွင် သင်တန်းသားသင်တန်းသူ ၁၈၅ ဦး တက်ရောက်ခဲ့ပြီး ယခုလ ၂၁ ရက်မှ ၂၇ ရက်အထိ သင်ကြားသွားမည်ဖြစ်ကြောင်း သိရ သည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးတွင် အလားအလာရှိသော ထုတ်ကုန်(အုန်းသီး)တန်ဖိုး ကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ် ခြင်း စီမံကိန်းစတင်သည့် အခမ်းအနားကို တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပုဂ္ဂလိကအသင်းအဖွဲ့များမှ တာဝန် ရှိသူများတက်ရောက်ပြီး ထိုင်းနိုင်ငံမှ မဲခေါင်သိပ္ပံ နှင့် အက်ခ်မက် (ACMECS) အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များက Virtual စနစ်ဖြင့်တက်ရောက် ကြသည်။ (အပေါ်ပုံ)
အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စိုက်ပျိုးရေးထွက်ကုန်များတွင် အုန်းသီးအများအပြား ထွက်ရှိရာ ဒေသဖြစ်သည့်အတွက် ပြည်တွင်း၌ အုန်းစိမ်းရည် သုံးစွဲခြင်းမှသည် မုန့်လုပ်ငန်းများ၊ အုန်းဆီစက်များ၊ အလှကုန်ထုတ်လုပ်သည့် လုပ်ငန်း များ၊ လက်မှုနည်းပညာ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည်အထိ အမျိုးမျိုးသုံးစွဲလျက်ရှိပါ ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးမှထွက်သည့် အုန်းသီးများကို ပြည်တွင်းဈေးကွက်ကို တင်ပို့ ရောင်းချလျက်ရှိကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး ၏ အုန်းသီးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်မည့် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများကိုလည်း ကျင်းပပေးရန် လိုအပ်နေကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး အုန်းသီးထုတ်လုပ်မှုလုပ်ငန်းမှာ နည်းပညာများ ရရှိစေရန်နှင့် အရည်အသွေးမြင့် အုန်းသီးထုတ်ကုန် များ ထုတ်လုပ်တင်ပို့နိုင်ရန် အုန်းသီးထုတ်လုပ်မှုမှ ကုန်ချောထုတ်လုပ်ရောင်းချသည်အထိ တိုးတက် ဆောင်ရွက်နိုင်ရန်၊ နိုင်ငံတကာဈေးကွက်ကိုလည်း အရည်အသွေးမြင့် အုန်းသီးထုတ်ကုန်များ ထုတ်လုပ် တင်ပို့နိုင်ပြီး နိုင်ငံခြားဝင်ငွေ ပိုမိုရရှိရန်အထိ ရည်ရွယ်ခြင်းလည်းဖြစ်ပါကြောင်း ပြောကြားပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက အမှာစကား ဆက်လက် ပြောကြားသည်။
အဆိုပါစီမံကိန်းကို ဧရာဝတီ ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ (Ayeyawaddy-Chao Phraya-Mekong Economic Cooperation Strategy- ACMECS) ပူးပေါင်း ဆောင်ရွက်မှုအစီအစဉ်အရ ၂၀၂၃ ခုနှစ် မေ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဧပြီ ၃၀ ရက်အထိ အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ အုန်းသီးစိုက်ပျိုးထုတ်လုပ်သူ များ၊ ပြုပြင်ထုတ်လုပ်သူများ အရည်အသွေးပြည့်မီစွာ ထုတ်လုပ်လာနိုင်ပြီး ဒေသခံပြည်သူများ အလုပ် အကိုင်အခွင့်အလမ်းများ တိုးတက်လာစေရန် ရည်ရွယ်ထားရှိကြောင်းသိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)