လားရှိုးမြို့ ၂၀၂၂ -၂၃ ပညာသင်နှစ်လူရည်ချွန် ကျောင်းသား ကျောင်းသူများအား ထောက်ပံ့ပေးအပ်

 

လားရှိုး  ဧပြီ  ၂၁
၂၀၂၂-၂၃   ပညာသင်နှစ်   လူရည်ချွန် ကျောင်းသား      ကျောင်းသူများအား ထောက်ပံ့ပေးအပ်ပွဲ    အခမ်းအနားကို ယမန်နေ့က   လားရှိုးခရိုင်   ပညာရေး မှူးရုံး၌   ကျင်းပရာ  ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ   ဦးမျိုးမင်းထွန်းနှင့်   ဌာန ဆိုင်ရာတာဝန်ရှိသူများ၊  ဆရာ ဆရာမ များ၊  မြို့မိမြို့ဖများ၊   လူရည်ချွန်ဆုရ   ကျောင်းသား  ကျောင်းသူများ၊   ကျောင်း သားမိဘများ တက်ရောက်ကြသည်။
ရှေးဦးစွာ   ခရိုင်   စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက အမှာစကား  ပြောကြားရာတွင် လူရည်ချွန်ဆုရရှိသော    ကျောင်းသား ကျောင်းသူများအနေဖြင့် နိုင်ငံတော်၏ ကျေးဇူးကိုသိတတ်ပြီး    နိုင်ငံအတွက် ထူးချွန်ထက်မြက်သော လူငယ်မောင်မယ် များ   ဖြစ်ကြပါစေကြောင်း၊    မကြာမီ လေ့လာရေးခရီးစဉ်   သွားရောက်ရမည် ဖြစ်သည့်အတွက်   ကျန်းမာရေးကို   ဂရု စိုက်စေလိုကြောင်း    ပြောကြားသည်။ ဆက်လက်၍  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်   ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊      လုပ်ငန်းရှင်များက ဂုဏ်ပြုဆုငွေ     ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။          
ခရိုင်(ပြန်/ဆက်)