ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် နေ့ဆွမ်းများဆက်ကပ်လှူဒါန်း၊ ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်

နေပြည်တော် ဖေဖော်ဝါရီ ၂ဝ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်း အဆင်ပြေစေရေးအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများ က တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီး၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း နှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်း ခြင်းများကို ဆောင်ရွက်လျက်ရှိ သည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ မြို့နယ်နှင့် ကော့မှူးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင် မြို့နှင့် ချင်းပြည်နယ်၊ ဟားခါးမြို့ တို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်တိုက် စုစုပေါင်း ငါးကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများကို လည်းကောင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့၊ တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့၊ ဧရာဝတီ တိုင်းဒေသကြီး မြန်အောင်မြို့၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေ သာစံမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ အမရပူရမြို့နယ်နှင့် ပြည်ကြီးတံခွန် မြို့နယ်တို့ရှိ ဘုန်းတော်ကြီးကျောင်း များနှင့် သီလရှင်စာသင်တိုက် စုစုပေါင်း ၂၅ ကျောင်းရှိ သံဃာတော် များနှင့် သာသနာ့နွယ်ဝင်သီလရှင် များအား နေ့ဆွမ်းများကို လည်းကောင်း သက်ဆိုင်ရာ တိုင်း စစ်ဌာနချုပ်များအလိုက် တိုင်းမှူး များနှင့် တာဝန်ရှိသူများက သွား ရောက်၍ ဆက်ကပ်လှူဒါန်းခဲ့ကြ ကြောင်း သတင်းရရှိသည်။ သတင်းစဉ်