ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Don Pramudwinai နှင့် တွေ့ဆုံ

 

နေပြည်တော်   ဧပြီ   ၂၁


နိုင်ငံခြားရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး   ဦးသန်းဆွေသည် ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Don Pramudwinai   ကို   ယနေ့  မွန်းလွဲ  ၃  နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံသည်။

 


တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ရှိရင်းစွဲချစ်ကြည် ရင်းနှီးမှုနှင့် မိတ်ဖက်ဆက်ဆံရေး ပိုမိုတိုးမြှင့်ခိုင်မာစေရေး၊ နှစ်နိုင်ငံ အပြန်အလှန်    အကျိုးဖြစ်ထွန်းစေမည့်   ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး    အထူးသဖြင့်   ကုန်သွယ်ရေးနှင့်  ရင်းနှီးမြှုပ်နှံမှုကဏ္ဍ အပါအဝင် နယ်စပ်ဒေသများ၌ တရားမဝင်ကုန်သွယ်မှုနှင့် တရားမဝင် လုပ်ငန်းများ အတူတကွ တိုက်ဖျက်သွားရေး၊ နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေး၊ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အတွက် လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးရေးတို့ကို ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ 


သတင်းစဉ်