နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ဗုဒ္ဓဘာသာအခြေခံယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲ အခမ်းအနားနှင့် ကဆုန်ညောင်ရေသွန်းလောင်းပွဲကျင်းပရေးနှင့် မဏ္ဍပ်များဆောက်လုပ်ရေး ဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

 

နေပြည်တော်   ဧပြီ   ၂၁


ပြည်ထောင်စုနယ်မြေ   နေပြည် တော်    ပျဉ်းမနားခရိုင်   ဇမ္ဗူသီရိ မြို့နယ်အတွင်းရှိ  ဓမ္မာရုံတစ်ရုံ၊ အခြေခံပညာကျောင်း နှစ်ကျောင်း တို့၌       ဖွင့်လှစ်သင်ကြားမည့် ဗုဒ္ဓဘာသာ   အခြေခံယဉ်ကျေး လိမ္မာသင်တန်း ဖွင့်ပွဲအခမ်းအနား ကို   ယနေ့နံနက်  ၁၀  နာရီတွင် ဇမ္ဗူသီရိမြို့နယ်   အမှတ်  (၁၄) အခြေခံပညာ    အထက်တန်း ကျောင်း    ဇမ္ဗူရွှေကြာခန်းမ၌ ကျင်းပသည်။

 


ရှေးဦးစွာ      နေပြည်တော် ကောင်စီဥက္ကဋ္ဌ  ဦးတင်ဦးလွင်က ယဉ်ကျေးလိမ္မာသင်တန်းများကို တက်ရောက်        သင်ယူရသည့် အတွက် ကျောင်းသား ကျောင်းသူ လူငယ်များအနေဖြင့်   ဒုစရိုက် တရားများကို          ရှောင်ကြဉ်၍ သုစရိုက်  တရားများကို  ဆောင် တတ်လာခြင်း၊   ဆရာ၊   မိဘ၊ လူကြီးသူမများကို ရိုသေကိုင်းရှိုင်း သော လူယဉ်ကျေးကလေးများဖြစ် လာခြင်း၊   မြန်မာ့ယဉ်ကျေးမှု အနှစ်သာရများကို  တန်ဖိုးထား တတ်လာခြင်း၊ လူတော်လူကောင်း များ ဖြစ်လာခြင်း စသည့်အကျိုး တရားများကို ရရှိလာစေမည်ဖြစ် ပါကြောင်း၊ သင်တန်းနည်းပြများ ပို့ချသော   ဗုဒ္ဓဘာသာအခြေခံ ယဉ်ကျေးလိမ္မာသင်ခန်းစာများကို စနစ်တကျ       လေ့လာသင်ယူ ဆည်းပူးကြစေလိုကြောင်း ပြော ကြားသည်။

 


ထို့နောက်       ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း ပို့ချနိုင် ရေးအတွက်   သင်ရိုးညွှန်းတမ်း စာအုပ်များဖြစ်သည့်   သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ လှူဒါန်းသည့်    ဗုဒ္ဓဝင်ဗုဒ္ဓဖြစ်စဉ် တော်  စာအုပ်များ၊   နေပြည်တော် ကောင်စီမှ         လှူဒါန်းသည့်  ယဉ်ကျေးလိမ္မာ  ၃၈  ဖြာ  မင်္ဂလာ စာအုပ်များ၊    အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုစာအုပ်များ၊   ဗလာ စာအုပ်၊   ဘောပင်နှင့်   စာရေး ကိရိယာများကို  နေပြည်တော် ကောင်စီဥက္ကဋ္ဌက ပေးအပ်လှူဒါန်း ရာ မြို့နယ်ပညာရေးမှူး ဦးဝင်းနိုင် က လက်ခံရယူသည်။ 

 


ယင်းနောက်       သင်တန်း ဖွင့်လှစ်နိုင်ရေးအတွက် အလှူငွေ များနှင့်   အချိုရည်ဘူးများကို အလှူရှင်များက  ပေးအပ်လှူဒါန်း ရာ မြို့နယ်ပညာရေးမှူးက လက်ခံရယူသည်။

 


ဆက်လက်၍   နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့်    တာဝန်ရှိသူ များက ကျောင်းသား ကျောင်းသူ လူငယ်များအား      ဗုဒ္ဓဘာသာ အခြေခံယဉ်ကျေးလိမ္မာသင်ခန်း စာများ  သင်ကြားပို့ချပေးနေမှုကို ကြည့်ရှုအားပေးသည်။

 


အဆိုပါ   ဗုဒ္ဓဘာသာအခြေခံ ယဉ်ကျေး    လိမ္မာသင်တန်းကို နေရာသုံးနေရာတို့တွင် ကျောင်း သား ကျောင်းသူလူငယ် စုစုပေါင်း ၁၇၂ ဦးဖြင့် ဧပြီ ၂၁ ရက်မှ ၂၉ ရက် အထိ     တစ်ပြိုင်တည်း   ဖွင့်လှစ် သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ပြည်ထောင်စုနယ်မြေ မြို့နယ် ရှစ် မြို့နယ်ရှိ နေရာ ၁၀၄ နေရာတွင် ကျောင်းသား  လူငယ်စုစုပေါင်း ၈၃၀၀ ကျော်ကို သင်ကြားပို့ချပေး သွားမည်ဖြစ်သည်။   ထို့အပြင် ပြည်ထောင်စုနယ်မြေ ရှစ်မြို့နယ် ရှိ    အခြေခံပညာကျောင်း  ရှစ် ကျောင်းတွင် ကွန်ပျူတာအခြေခံ သင်တန်းနှင့်  အင်္ဂလိပ်စကားပြော သင်တန်းများကို ဧပြီ ၂၄ ရက်မှ စတင်၍ ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။ 

 


ဆက်လက်၍  နေပြည်တော် ကောင်စီဥက္ကဋ္ဌသည် သာသနာရေး နှင့်       ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး       ဦးအေးထွန်း၊  နေပြည်တော်ကောင်စီ   အဖွဲ့ဝင် များနှင့်အတူ          နေပြည်တော် ဥပ္ပါတသန္တိစေတီတော်   ပရိဝုဏ် အတွင်း   ကဆုန်လပြည့်ဗုဒ္ဓနေ့ ကဆုန်ညောင်ရေ   သွန်းလောင်း ပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနား တွင်  ညောင်ရေသွန်းလောင်းမည့် မဟာ  ဗောဓိပင်တော်များအား ပြင်ဆင်ဆောင်ရွက်နေမှုကို သွား ရောက်ကြည့်ရှုစစ်ဆေးရာ တာဝန် ရှိသူများက  သက်ဆိုင်ရာကဏ္ဍ များအလိုက်  ဆောင်ရွက်ထားရှိမှု နှင့်  ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို   ရှင်းလင်း တင်ပြကြရာ     နေပြည်တော် ကောင်စီဥက္ကဋ္ဌက    လိုအပ်သည် များကို         ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 


မွန်းလွဲပိုင်းတွင် နေပြည်တော် ကောင်စီဥက္ကဋ္ဌသည် နေပြည်တော် ကောင်စီရုံး  အစည်းအဝေးခန်းမ၌ ကျင်းပသည့် ဗုဒ္ဓနေ့မင်္ဂလာအခမ်း အနား   ကဆုန်ညောင်ရေသွန်း လောင်းပွဲ  ကျင်းပရေးနှင့်    မဏ္ဍပ် များ              ဆောက်လုပ်ရေး ဆပ်ကော်မတီ       လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်၍ အမှာစကားပြောကြားသည်။

 


နေပြည်တော်ကောင်စီ အဖွဲ့ ဝင်   ဦးမြင့်စိုးက   ကဆုန်လပြည့် ဗုဒ္ဓနေ့     အခမ်းအနားများတွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး သက်ဆိုင် ရာဌာနဆိုင်ရာများက     မဏ္ဍပ် တည်ဆောက်ရေး၊   ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊   ရေ လုံလောက်စွာရရှိရေး၊   ကျန်းမာ ရေးစောင့်ရှောက်မှု  လုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေများ ကို        ရှင်းလင်း    တင်ပြကြရာ နေပြည်တော်ကောင်စီ   ဥက္ကဋ္ဌက  လိုအပ်သည်များကို   ပေါင်းစပ် ညှိနှိုင်း   ဆောင်ရွက်ပေးကြောင်း သိရသည်။


သတင်းစဉ်