သာစည်မြို့နယ် နှောပင်ကျေးရွာ၌ ကိုယ်ထူကိုယ်ထဆေးပေးခန်းဖွင့်

 

သာစည်    ဧပြီ     ၂၀


မန္တလေးတိုင်းဒေသကြီး     သာစည် မြို့နယ် နှောပင်ကျေးရွာ  ကိုယ်ထူ ကိုယ်ထဆေးပေးခန်းဖွင့်ပွဲကို  ဧပြီ ၂၀  ရက်က အဆိုပါဆေးပေးခန်းရှေ့ ၌ ကျင်းပရာ  မြို့နယ်စီမံအုပ်ချုပ် ရေး    အဖွဲ့ဝင်ဗိုလ်မှူးတေဇာမြင့်  နှင့်   ဦးစိုးဝင်းအောင်၊    မြို့နယ် ဆရာဝန်ကြီး   ဒေါက်တာစိုင်းဇေ ယျာမျိုးတို့က    ကိုယ်ထူကိုယ်ထ   ဆေးပေးခန်းကို  ဖဲကြိုးဖြတ်ဖွင့်လှစ်  ပေးသည်။

 


ထို့နောက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်က      အမှာစကား ပြောကြား ပြီး  မြို့နယ်ဆရာဝန်ကြီး  က      ဆေးပေးခန်းဖွင့်လှစ်နိုင် ခြင်းနှင့်ပတ်သက်ပြီး  ဝမ်းမြောက်  စကားပြောကြားကာ      လက်ရှိ အပူချိန်များ    မြင့်တက်လာမှုနှင့်   ပတ်သက်၍         လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာများကို အသိ ပညာပေးပြောကြားသည်။  ယင်း နောက်       မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့က     ဆေးပေးခန်းအတွက်   လှူဒါန်းသော       အလှူငွေကို ဦးစိုးဝင်းအောင်က     ပေးအပ်ပြီး   တာဝန်ရှိသူများက ဆေးပေးခန်း ဖြစ်မြောက်ရေး    အလှူရှင်များအား ဂုဏ်ပြုလွှာများ ပေးအပ်သည်။

 


အဆိုပါ ဆေးခန်းကို  ကျေးရွာ ပြည်သူများ  စုပေါင်းလုပ်အားနှင့်     ထည့်ဝင်ငွေကျပ်သိန်း    ၂၀ ဖြင့်  အလျား ၁၇ ပေ၊ အနံ ၁၅ ပေ၊ အမြင့်  ၁၀  ပေ    သွပ်မိုးနံကပ်တစ်ထပ်   ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။  

မြို့နယ်(ပြန်/ဆက်)