ဂျာမနီနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်း မတ်လတွင် ၇ ဒသမ ၄ ရာခိုင်နှုန်းအထိ လျော့ကျလာ

 

ဘာလင်  ဧပြီ  ၂၀
ဥရောပ၏   အကြီးဆုံးစီးပွားရေးနယ်ပယ်ဖြစ်သော   ဂျာမနီနိုင်ငံ၌ စားသုံးသူစျေးနှုန်းများသည် ယမန်နှစ်နှင့်နှိုင်းယှဉ်ပါက  မတ်လတွင် ၇ ဒသမ ၄ ရာခိုင်နှုန်းထိ   မြင့်တက်ခဲ့ခြင်းမှာ စွမ်းအင်ဈေးနှုန်းများ ကျဆင်းခြင်း၏ တစ်စိတ်တစ်ဒေသဖြစ်သည်။
ဂျာမနီ၌ ငွေကြေးဖောင်းပွမှုသည် ပြီးခဲ့သည့်နှစ်နှင့်နှိုင်းယှဉ်ပါက မတ်လတွင် ၇ ဒသမ  ၄   ရာခိုင်နှုန်းသို့   လျော့ကျခဲ့ကြောင်း ဖက်ဒရယ် အစိုးရ Destatis Statistics Agency ၏ ရှေ့ပြေးစာရင်းတွင် မတ်လ နောက်ဆုံးရက်က    ဖော်ပြထားသည်။    ယင်းစာရင်းတွင်  ဇန်နဝါရီနှင့် ဖေဖော်ဝါရီလတို့၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၈ ဒသမ ၇ ရာခိုင်နှုန်း ရှိခဲ့ကြောင်းလည်း  ဖော်ပြထားသည်။
ဘောဂဗေဒပညာရှင်အများစုက ဥရောပ၏ အကြီးဆုံးစီးပွားရေး ဖြစ်သော   ဂျာမနီနိုင်ငံ၏    ငွေကြေးဖောင်းပွမှုသည်    အမြင့်မားဆုံး အခြေအနေတစ်ခုကို ကျော်လွန်ခဲ့ပြီဟု ယုံကြည်လက်ခံထားခဲ့ကြသည်။ သို့သော် ယခုနှစ်အတွင်း စျေးနှုန်းများ အမြန်ကျဆင်းလာမည့် ကိစ္စကို မူ ၎င်းတို့အနေဖြင့် မျှော်လင့်မထားပေ။   စားသောက်ကုန်ဈေးနှုန်း များမှာ  ပျမ်းမျှတိုးတက်မှုနှုန်းထက်   ကျော်လွန်နေသည်။   စွမ်းအင် စျေးနှုန်းများကျဆင်းလာခြင်းကြောင့်        ငွေကြေးဖောင်းပွမှုလည်း သိသိသာသာ လျော့ကျသွားကြောင်း The Federal Statistical Office (Destatis) က ထုတ်ဖော်ပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ် မတ်လ  ရုရှား-ယူကရိန်း ပြဿနာကာလအတွင်း စွမ်းအင်စျေးနှုန်းများ တစ်ဟုန်ထိုးမြင့်တက်လာခဲ့ပြီး  နောက်ပိုင်းတွင်  ၃ ဒသမ ၅ ရာခိုင်နှုန်းသို့  တဖြည်းဖြည်းကျဆင်းသွားခဲ့သည်။ သို့သော် စားသောက်ကုန်စျေးနှုန်းများမှာမူ ပြီးခဲ့သည့်နှစ် မတ်လနှင့် နှိုင်းယှဉ် ပါက ၂၂ ဒသမ ၃ ရာခိုင်နှုန်းအထိရှိနေသဖြင့် ပျမ်းမျှတိုးတက်မှုနှုန်းကို ကျော်လွန်ပြသနေဆဲဖြစ်ကြောင်း Destatis Statistics Agency က ပြောကြားသည်။
နိုင်ငံအတွင်း      ၎င်းတို့၏အိမ်ခြံမြေများကို     ငှားရမ်းထားသည့် လူချမ်းသာအနည်းစုအတွက်      ဖြစ်နိုင်ခြေရှိသော     အနည်းငယ် သက်သာရာရမှုတစ်ခုမှာ နေအိမ်ငှားရမ်းခအပေါ် ငွေကြေးဖောင်းပွမှုမှာ စုစုပေါင်းနှုန်းထားများအောက်တွင်     အခိုင်အမာရှိနေခဲ့ပြီး    လပေါင်း များစွာအတွင်း ၂ ရာခိုင်နှုန်းဝန်းကျင်၌  တည်ငြိမ်နေခြင်းဖြစ်ကြောင်း ဘာလင်မြို့ရှိ မြန်မာစီးပွားရေးသံမှူးထံမှ သိရသည်။

သတင်းရင်းမြစ်များ - မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွား‌ရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။     ခင်ရတနာ စုစည်းဖော်ပြသည်၊၊