
နေပြည်တော် ဧပြီ ၂၀
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဂန်ဆူးပြည်နယ် Lanzhou မြို့၌ ၂၀၂၃ ခုနှစ် ဇူလိုင် ၆ ရက်မှ ၁၀ ရက်အထိ The 29th China Lanzhou Investment and Trade Fair ကုန်စည်ပြပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ပြီး ၎င်းကုန်စည်ပြပွဲသည် မြန်မာနိုင်ငံနှင့် ဂန်ဆူးပြည်နယ်တို့အကြား ချစ်ကြည်ရင်းနှီးမှုများ ဖလှယ်ခြင်းနှင့် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို အားပေးမြှင့်တင်ရန်ဖြစ်သည့်အတွက် ဖိုရမ်များ၊ Guest Country of Honour, Guest Provinces of Honour and Themes Cities အစီအစဉ်များ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အစီအစဉ် များနှင့် ကွန်ဖရင့်များကို ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များသာမက တရုတ်နိုင်ငံ၌ လာရောက် ၍ စီးပွားရေးလုပ်ကိုင်နေသော မြန်မာလုပ်ငန်းရှင် များလည် ပါဝင်ပြသနိုင်ပြီး မြန်မာပြခန်းဆောင် ခင်းကျင်းပြသမည်ဆိုပါက မြန်မာလုပ်ငန်းရှင်များ အတွက် အကျယ် ၃၀ စတုရန်းမီတာရှိသော ပြခန်း တစ်ခုကို (အခမဲ့) ထောက်ပံ့ပေးမည်ဖြစ်သည်။
ပါဝင်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဌာန မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ ဖုန်း ၀၆၇-၄၀၈၆၂၂၊ ၀၆၇-၄၀၈၆၂၃၊ E-mail: event.td.myantrade@gmail.com တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပြီဖြစ်သည်။
ကိုရိုး