
ပဲခူး ဧပြီ ၂၀
ပဲခူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဧပြီ ၁၉ ရက် နံနက်ပိုင်းက နွေရာသီ လူငယ် ကင်းထောက်သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် ထောက်ပံ့ချီးမြှင့်သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သမိုင်းမှတ်တမ်းများအရ ကမ္ဘာ ပေါ်တွင် လူငယ် ၅၇ သန်းကျော် သော ကင်းထောက်လူငယ်များ သည် ကမ္ဘာ့ပညာရေး၏ ရှေ့ဆောင် လမ်းပြအနေဖြင့် နိုင်ငံပေါင်း ၂၀၀ ကျော်တွင် လူငယ်လှုပ်ရှားမှုများ ကို အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိပြီး အများအားဖြင့် အသက်(၁၁)နှစ်မှ အသက်(၁၈)နှစ်အထိ ပါဝင်နေသည်ကို တွေ့မြင်နေရကြောင်း၊ သင်တန်း တက်ရောက်မည့် ကင်းထောက် မောင်မယ်များအနေဖြင့် မိမိတို့ နေထိုင်သည့် တိုင်းပြည်အပေါ် သစ္စာရှိရန်၊ တိုင်းပြည်က အားထား ရသည့် လူငယ်များဖြစ်လာစေရန်၊ ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးမြို့ အမှတ် (၁) အခြေခံပညာ အထက် တန်းကျောင်းတွင် ဖွင့်လှစ် သည့် နွေရာသီ လူငယ် ကင်းထောက် သင်တန်းအတွက် ထောက်ပံ့ ငွေကျပ် ၁၀၈ သိန်း အား တိုင်းဒေသကြီး ပညာရေး မှူး ဦးစိုးလွင်ထံ ထောက်ပံ့ ပေးအပ်သည်။
ပဲခူးမြို့ အမှတ်(၁) အခြေခံ ပညာ အထက်တန်းကျောင်း၌ နွေရာသီ လူငယ်ကင်းထောက် သင်တန်းအား ဧပြီ ၁၉ ရက်မှ ဧပြီ ၂၁ ရက်အထိ သင်တန်းသား ၇၀ အား တောတွင်းခရီးစဉ်ဆိုင် ရာ သိကောင်းစရာများ၊ ကြိုးချည် နည်း၊ ရှေးဦးသူနာပြုစုနည်းနှင့် အတူတကွ ပူးပေါင်းဆောင်ရွက် ခြင်းဆိုင်ရာ ဘာသာရပ်များ သင်ကြားပို့ချသွားမည် ဖြစ် ကြောင်း သိရသည်။
တင်စိုး(ပဲခူး)