ကရင်ပြည်နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေး

 

ဘားအံ   ဧပြီ   ၂၀
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကရင်ပြည်နယ်၏ စီးပွားရေး မျှော်မှန်းချက်အနေဖြင့်   စုစုပေါင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(ဂျီဒီပီ)မှာ နှစ်အလိုက်ဈေးနှုန်း အရ ကျပ် ၂၅၈၇ ဒသမ ၉ ဘီလီယံအကောင်အထည် ဖော်ရန်နှင့် ပုံမှန်ဈေးနှုန်းအရ ၃ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ရန်ရည်မှန်းထားကြောင်း  ဧပြီ  ၂၀  ရက် နံနက် ၁၀ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပ သည့် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန် ပေးအပ်ပွဲအခမ်းအနားမှ သိရသည်။
ဒေသန္တရစီမံကိန်းရည်မှန်းချက်များ   တာဝန် ပေးအပ်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့် ဦးက ပြည်နယ်အဆင့်ဌာန/အဖွဲ့အစည်းများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များအနေနှင့် ပြည်နယ်အတွင်း ဆန်ဖူလုံမှု၊ စားသုံးဆီဖူလုံမှု၊ ပဲမျိုးစုံဖူလုံမှုရှိစေရန် ကျေးလက်အခြေခံစီးပွားရေးဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများတွင် သမားရိုးကျ ဆောင်ရွက် နေသည့်ပုံစံမှ ခေတ်မီနည်းစနစ်များဖြင့် သွင်းအားစု များထိရောက်စွာအသုံးပြုပြီး  အထွက်တိုးအောင် ဆောင်ရွက်ကြရန် ပြောကြားသည်။ (ယာပုံ)
ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစော ခင်မောင်မြင့်က  ကရင်ပြည်နယ်၏   ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီး ချုပ်က   ဝိုင်းဝန်းကြိုးပမ်း    အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
ကရင်ပြည်နယ်၏   ၂၀၂၃-၂၀၂၄    ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များတွင် တိုးတက်မှု နှုန်းအနေဖြင့် ပုံမှန်ဈေးနှုန်းအရ လယ်ယာကဏ္ဍကြီး တွင် ၁ ဒသမ ၄ ရာခိုင်နှုန်း၊  စက်မှုကဏ္ဍကြီးတွင် ၅ ဒသမ ၇ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုကဏ္ဍကြီးတွင် ၄ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ရန်  ရည်မှန်းထား ကြောင်း သိရသည်။
သတင်းစဉ်