နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲကျင်းပ

 

နေပြည်တော်  ဧပြီ  ၂၀


နေပြည်တော်တိုင်းစစ်ဌာနချုပ်၏   အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲကို  ယနေ့နံနက်ပိုင်း တွင် တိုင်းစစ်ဌာနချုပ် အောင်ငြိမ်းအေးခန်းမ၌ ပြုလုပ်ရာ နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် ပါဠိတက္ကသိုလ်ကျောင်းတိုက် စာချနာယက ဆရာတော် ဂန္ထဝါစကပဏ္ဍိတ သဒ္ဓမ္မဇောတိကဓဇ သာသန ဓဇဓမ္မာစရိယ ဘဒ္ဒန္တ   ကိတ္ထိသာရ  အမှူးပြုသော   သံဃာတော်များကြွရောက်တော်မူကြပြီး    တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 


ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပါဠိတက္ကသိုလ်ကျောင်းတိုက်  စာချနာယက ဆရာတော် ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ်ပရိတ် တရားတော်များကို နာယူကြသည်။ 

 


ထို့နောက် တိုင်းမှူးနှင့်   တက်ရောက်လာကြသူများက   သံဃာတော်များအား   လှူဖွယ်ပစ္စည်းနှင့် နဝကမ္မအလှူငွေများ  ဆက်ကပ်လှူဒါန်းကြပြီး ပါဠိတက္ကသိုလ်ကျောင်းတိုက်၊ စာချနာယက ဆရာတော်ထံမှ ပဋ္ဌာန်းအနုမောဒနာတရားနာယူကာ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်