
နေပြည်တော် ဧပြီ ၂၀
ငွေရေးကြေးရေး ကုမ္ပဏီများ ၏ ငွေကြေးဝန်ဆောင်မှုလုပ်ငန်း များ တိုးတက်ကောင်းမွန်စေရေး ဆိုင်ရာ အစည်းအဝေးကို ယနေ့ မွန်းလွဲ ၃ နာရီခွဲတွင် မြန်မာနိုင်ငံ တော်ဗဟိုဘဏ် (ရန်ကုန်ဘဏ်ခွဲ) အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ဘဏ် လုပ်ငန်း ကြီးကြပ်စစ်ဆေးရေး ဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဘဏ်လုပ်ငန်းဥပဒေစည်းမျဉ်းနှင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ချုပ်နှင့် အရာထမ်းများ၊ ငွေရေး ကြေးရေးကုမ္ပဏီများမှ ဥက္ကဋ္ဌများ၊ အုပ်ချုပ်မှု ဒါရိုက်တာများနှင့် အကြီးတန်း စီမံခန့်ခွဲသူများတက် ရောက်ကြသည်။
အစည်းအဝေးတွင် မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌက ငွေရေးကြေးရေးကုမ္ပဏီများအား မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်များ၊ စည်းမျဉ်းများနှင့်အညီ တိကျစွာ လိုက်နာသွားရန် လိုအပ် ကြောင်း၊ ငွေရေးကြေးရေးလုပ်ငန်း ကဏ္ဍဖွံ့ဖြိုးရေးမှတစ်ဆင့် နိုင်ငံ့ စီးပွားရေးဖွံ့ဖြိုးမှု အရှိန်အဟုန် မြင့်မားအောင် ကြိုးပမ်းဆောင် ရွက်ရန်ဖြစ်ကြောင်း၊ ကောင်းမွန် မှန်ကန်ပြီး ခေတ်မီ Digital နည်းပညာကို အသုံးပြုထားသည့် ငွေကြေး ဝန်ဆောင်မှုများမှ တစ်ဆင့် ငွေရေးကြေးရေးကုမ္ပဏီ များ၏ ဂုဏ်သတင်းနှင့် အကျိုး စီးပွားမြင့်တက်စေရေးဆောင်ရွက် ရန်ဖြစ်ကြောင်း၊ စီးပွားရေး လုပ်ငန်းများနှင့် ကုန်ထုတ်လုပ် ရေး လုပ်ငန်းများအတွက် ချေးငွေ များ ထုတ်ချေးရန် လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုများကို သတ်မှတ် ချက်များနှင့်အညီ တိုးတက် ဆောင်ရွက်သွားရန် လိုအပ် ကြောင်း အကျယ်တဝင့် မှာကြား သည်။
ယင်းနောက်တက်ရောက်လာကြသောငွေရေးကြေးရေးကုမ္ပဏီအသီးသီးမှ တာဝန်ရှိသူများက ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေ အနေများနှင့် ဆက်လက်ဆောင် ရွက်မည့်အစီအစဉ်များ၊ ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းများကို Digital နည်းလမ်းဖြင့် တိုးချဲ့ ဆောင်ရွက်သွားမည့် အစီအစဉ် များကို ရှင်းလင်းတင်ပြကြရာ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌက ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများဆိုင်ရာ သဘောတူညီ ချက်များကို လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်သွားရန် အရေးကြီးကြောင်း၊ ရင်းနှီးမြှုပ်နှံ မှု မြှင့်တင်ရေးဆိုင်ရာ ဆောင်ရွက် ရန်အချက်များကို သိရှိပြီးဖြစ်သည် နှင့်အညီ စနစ်တကျဆောင်ရွက် သွားရန် လိုအပ်ကြောင်း ဖြည့်စွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်