
နေပြည်တော် ဧပြီ ၂၀
နေပြည်တော်အတွင်း နွေရာသီကျောင်းပိတ်ရက်အတွင်း အင်္ဂလိပ်စာနှင့် ကွန်ပျူတာအခြေခံသင်တန်းများ ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခြင်း လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန် နေ့က နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက အမှာစကားပြောကြားကာ နေပြည်တော်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စံပယ်လွင်က မြို့နယ်ရှစ်မြို့နယ် ၌ အင်္ဂလိပ်စာနှင့် ကွန်ပျူတာအခြေခံသင်တန်းများ ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြပြီး ခရိုင် ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့် မြို့နယ် ရှစ်မြို့နယ်မှ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ကိုယ်ပိုင်အထက် တန်းကျောင်းများမှ တာဝန်ရှိသူများက သင်တန်းများဖွင့်လှစ် မည့်အခြေအနေများ၊ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ ပေးမည့် အခြေအနေများနှင့် သင်ကြားပေးမည့် ဘာသာရပ် များကို ရှင်းလင်းတင်ပြသည်။
အဆိုပါ သင်တန်းများကို နေပြည်တော်အတွင်းရှိ မြို့နယ် ရှစ်မြို့နယ်တွင် ဧပြီ ၂၄ ရက်မှ မေ ၁၃ ရက်အထိ သင်ကြား မည်ဖြစ်ကြောင်း သိရသည်။
ဟိန်းသူအောင် (ပြန်/ဆက်)