ဗဟန်းလူထုအခြေပြုဗဟိုဌာန၌ အခြေခံကွန်ပျူတာသင်တန်းဖွင့်လှစ်

 

ဗဟန်း   ဧပြီ   ၁၉


နွေရာသီ ကျောင်းပိတ်ရက်ရှည်အတွင်း  ကျောင်းသားကျောင်းသူများ အချိန်ကို အကျိုးရှိစွာအသုံးချတတ်ရန်၊ အသိပညာ၊   အတတ်ပညာ၊ ဗဟုသုတများကြွယ်ဝစေရန်    ရည်ရွယ်၍   ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း) လူထုအခြေပြု ဗဟိုဌာန၌   ဧပြီ  ၁၈ ရက်က အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၂) အခမဲ့ဖွင့်ပွဲ အခမ်းအနားကျင်းပသည်။

 


ဦးစွာ   ပြန်ကြားရေးနှင့်   ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန် အနောက်ပိုင်းခရိုင်မှူးက အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်ရခြင်းနှင့် လူထုအခြေပြုဗဟိုဌာနတွင် ဆောင်ရွက်လျက်ရှိသော သင်တန်းများ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ရှင်းလင်းပြောကြားကာ ကွန်ပျူတာ သင်တန်းနည်းပြ က Microsoft word၊ Excel၊   Power point   တို့ကို အခြေခံမှစ၍    သင်ကြားပို့ချပေးမည့် အကြောင်းအရာများကို ရှင်းလင်း ပြောကြားသည်။

 


အဆိုပါ အခြေခံကွန်ပျူတာသင်တန်းကို မြို့နယ်အတွင်းရှိ အခြေခံ ပညာ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသားကျောင်းသူ ၁၅ ဦး တက်ရောက်ကြပြီး သင်တန်းကို ဧပြီ ၁၈ ရက် မှ မေ ၁၂ ရက် အထိ စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။


စန္ဒာမိုး