
ပုသိမ်ကြီး ဧပြီ ၁၉
ပြည်သူများနေထိုင်ရေး အဆင်ပြေစေရန် အတွက် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီး မြို့နယ် ရှင်တော်ကုန်းကျေးရွာအနီးတွင် အကောင်အထည်ဖော် တည်ဆောက်ပြီးစီး သော ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာန မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းများကို ပြည်သူများ၊ လက်ရှိတာဝန် ထမ်းဆောင်ဆဲ ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအား ငှားရမ်းပေးမည်ဖြစ်သည်။
ငှားရမ်းနေထိုင်လိုပါက အောင်မြေသာစံ မြို့နယ် ၆၆ လမ်း၊ ၁၆ လမ်းနှင့် ၁၉ လမ်းကြားရှိ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန မန္တလေး တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် ဧပြီ ၁၈ ရက်မှ မေ ၁၇ ရက်အထိ ရုံးချိန်အတွင်း လျှောက်လွှာများ ရောင်းချပေးလျက်ရှိကာ ဧပြီ ၂၅ ရက် မှ မေ ၁၉ ရက်အထိ လျှောက်လွှာ များ ပြန်လည်လက်ခံပေးမည်ဖြစ်ကြောင်း မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာ အိမ်ခန်း နေရာချထားရေးကော်မတီက အသိပေး ကြေညာထားကြောင်း သိရပြီး မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာနှင့်ပတ်သက်၍ သိရှိ လိုပါက ဖုန်း ၀၉-၉၆၅၆၉၆၄၀၆၊ ၀၉-၂၅၄၂၂၇၈၅၉ သို့တို့ ဆက်သွယ်စုံစမ်းနိုင် ကြောင်း သိရသည်။
သွင်ထူးဉာဏ်ဇော်(မန္တလေး)