တောင်ကြီးမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကျင်းပ

 

တောင်ကြီး     ဧပြီ     ၁၉


အပြည်ပြည်ဆိုင်ရာ       မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်  ရောင်းဝယ်မှု    တိုက်ဖျက်ရေးနေ့  အထိမ်းအမှတ် (၂၆) ကြိမ်မြောက်  ပန်းချီ၊ ကာတွန်း၊  ပိုစတာပြိုင်ပွဲ  ကို ဧပြီ ၁၉ ရက် နံနက် ၁၀ နာရီက တောင်ကြီးမြို့ အမှတ် (၂)အခြေခံ ပညာ       အထက်တန်းကျောင်း၌ ကျင်းပသည်။

 


ပြိုင်ပွဲတွင်     အခြေခံပညာ  အထက်တန်းအဆင့်၊      အခြေခံ  ပညာ        အလယ်တန်းအဆင့်၊  အခြေခံပညာ      မူလတန်းအဆင့်   ကျောင်းသား     ကျောင်းသူများ  ပါဝင်ယှဉ်ပြိုင်နေမှုကို   ရှမ်းပြည် နယ်ဝန်ကြီးချုပ်    ဦးအောင်ဇော် အေး၊  ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊       ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့      အတွင်း ရေးမှူးနှင့်     တာဝန်ရှိသူတို့က တက်ရောက်ကြည့်ရှု      အားပေး ပြီး  ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများကို        ပြည်နယ်ဝန်ကြီးချုပ်က  ပေးအပ် ရာ အမှတ် (၂)   မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး     ရဲတပ်ဖွဲ့ခွဲ ဒုတိယရဲမှူးကြီး လင်းထွဋ်မြင့်က    လက်ခံရယူသည်။

 


အဆိုပါ အပြည်ပြည်ဆိုင်ရာ  မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရား မဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေး နေ့ အထိမ်းအမှတ် (၂၆) ကြိမ် မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ ပြိုင်ပွဲတွင် အခြေခံပညာ အထက် တန်းအဆင့်၊ အခြေခံပညာအလယ် တန်းအဆင့်၊ အခြေခံ ပညာမူလ တန်းအဆင့်       ကျောင်းသား ကျောင်းသူစုစုပေါင်း ၁၆၄ ဦး ပါဝင် ယှဉ်ပြိုင်ကြကြောင်း သိရသည်။ 

မောင်မောင်သန်း (တောင်ကြီး)