ကချင်ပြည်နယ် ချီဖွေခရိုင်အတွင်းရှိ ဝေးလံခက်ခဲသောဒေသများသို့ သွား‌ရောက်အခမဲ့ဆေးဝါးကုသမှု ဆောင်ရွက်ပေးကြသည့် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနနှင့် ကချင်ပြည်နယ် အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းတို့အား ပြည်နယ်အစိုးရအဖွဲ့က ဂုဏ်ပြုချီးမြှင့်

 

မြစ်ကြီးနား    ဧပြီ    ၁၈


ကချင်ပြည်နယ်  ချီဖွေခရိုင်အတွင်းရှိ သွားလာရခက်ခဲသော ကျေးရွာများအထိ စေတနာထက်သန်စွာဖြင့် ဒေသခံပြည်သူများအား      အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ     ဆောင်ရွက်ပေးခဲ့ကြသော ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် ကချင်ပြည်နယ် အခမဲ့ဆေးဝါးကုသရေး ဖောင်ဒေးရှင်းတို့အား ပြည်နယ်အစိုးရအဖွဲ့က ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ဧပြီ ၁၇ ရက် မွန်းတည့် ၁၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါ ဆင်ဝါးနော်ခန်းမ၌ ကျင်းပသည်။

 


ဂုဏ်ပြုချီးမြှင့်ပွဲ  အခမ်းအနားတွင်   ပြည်နယ် ဝန်ကြီးချုပ်    ဦးခက်ထိန်နန်က   မိမိတို့ပြည်နယ် အတွင်း သွားလာရခက်ခဲပြီး ဝေးလံသော တောင်ပေါ် ဒေသနေ   ဒေသခံတိုင်းရင်းသားများအား   ယခုလို အခမဲ့ဆေးဝါးကုသမှုလုပ်ငန်းများ ဆောင်ရွက်ပေး ကြသူများအားလုံးကိုယ်စား   ဝမ်းမြောက်ဂုဏ်ယူ ကျေးဇူးတင်ရှိပါကြောင်း၊  ကချင်ပြည်နယ်   အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းအနေဖြင့်လည်း ယခု ကဲ့သို့ မိမိတို့ အစိုးရအဖွဲ့၊ ကျန်းမာရေးဌာနနှင့်အတူ နောင်တွင်လည်း     ဆက်လက်ဝိုင်းဝန်း      ကူညီ ဆောင်ရွက်ပေးကြစေလိုကြောင်း  ဂုဏ်ပြုပြောကြား သည်။

 


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ချီဖွေခရိုင် ချီဖွေမြို့နယ်  ပန်ဝါမြို့ရှိ   ဒေသခံပြည်သူများအား စေတနာထက်သန်စွာ အခမဲ့ဆေးဝါးကုသပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြသည့် ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်       ကုသရေးဦးစီးဌာနမှ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများ၊ ရန်ကုန်မြို့ မှ အထူးကုဆရာဝန်ကြီးများနှင့် ကချင်ပြည်နယ် အခမဲ့     ဆေးဝါးကုသရေးဖောင်ဒေးရှင်းမှ      ဥက္ကဋ္ဌ နှင့်   တာဝန်ရှိသူများအား   ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ကျောက်စိမ်းဖြင့်    ပြုလုပ်ထားသော အမှတ်တရ ဂုဏ်ပြုလက်ဆောင်တို့ကို ဂုဏ်ပြုချီးမြှင့်ပြီး ချီဖွေ မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဇခုန်ယိန်းဆောင်ကလည်း အမှတ်တရ လာချိဒ် ရိုးရာစောင်ဓားနှင့်     ရိုးရာအဝတ်အထည်များကို ဂုဏ်ပြုချီးမြှင့်သည်။

 


အဆိုပါ ချီဖွေခရိုင်အတွင်း ဝေးလံခက်ခဲသော ဒေသများရှိ  ပြည်သူများအား   အခမဲ့ဆေးဝါးကုသ ပေးခြင်းလုပ်ငန်းကို ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန     ဒုတိယပြည်နယ်ဦးစီးမှူး    ဒေါက်တာ လှိုင်လှိုင်ဌေးနှင့် အထူးကုဆရာဝန်ကြီးများ၊ သူနာပြု များ၊   ရန်ကုန်မြို့မှ   အထူးကုဆရာဝန်များ၊    ကချင် ပြည်နယ်အခမဲ့ဆေးဝါးကုသရေး   ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒူဝါဒေါက်တာဘွမ်ယွန်နှင့် အဖွဲ့ဝင်များက မြစ်ကြီးနားမြို့မှ   ဧပြီ ၃ ရက်  နံနက်ပိုင်းတွင် မော်တော်ယာဉ်ဖြင့် စုဖွဲ့၍ ထွက်ခွာခဲ့ကြရာ ပြည်နယ် ဝန်ကြီးချုပ်နှင့် ဇနီးတို့က လိုက်ပါပို့ဆောင်ကြပြီး ခရီးစဉ်   အဆင်ပြေချောမွေ့စေရေး  ဆုတောင်း အားပေးစကားပြောကြားခြင်းနှင့် ထောက်ပံ့ငွေကျပ် သိန်း ၃၀ ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
    

ပြည်နယ်(ပြန်/ဆက်)