
၁။ အာဆီယံအတွင်းရေးမှူးချုပ်ရုံးအနေဖြင့် အာဆီယံ၏ ဂုဏ်ပုဒ်၊ အာဆီယံစိတ်ဓာတ်နှင့် အောက်ဖော်ပြပါ သတ်မှတ်ထားသည့် နယ်ပယ်များတွင် အာဆီယံလမ်းစဉ်တို့ကို မြှင့်တင်ပေးနိုင်သည့် လူပုဂ္ဂိုလ်/ အဖွဲ့အစည်းတို့၏ ဆောင်ရွက်မှုများနှင့် အောင်မြင်မှု များကို အသိအမှတ်ပြုသည့်အနေဖြင့် ၂၀၂၃ ခုနှစ် အာဆီယံဆု ကို ပေးအပ်ချီးမြှင့်ရန်အတွက် အဆိုပြုလွှာများ ခေါ်ယူလျက် ရှိပါသည်-
(က) အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု များ၊
( ခ ) အာဆီယံနှင့် ကမ္ဘာတစ်ဝန်းအကြား ပူးပေါင်းဆောင်ရွက်မှု များ၊
( ဂ ) အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုများ၊
(ဃ) အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား စံနှုန်းများမြှင့်တင် ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ၊
( င ) အာဆီယံအသိုက်အဝန်း တည်ထောင်ရေးအတွက် သိသာ ထင်ရှားသည့် ဆောင်ရွက်မှုများ။
၂။ အာဆီယံဆုအား အပြီးသတ်ရွေးချယ်မည့် ဒိုင်အဖွဲ့ကို လက်ရှိအာဆီယံအတွင်းရေးမှူးချုပ်နှင့် အာဆီယံအတွင်းရေးမှူး ချုပ်ဟောင်းများအပါအဝင် ထင်ရှားသော အဆင့်မြင့်ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားပြီး ဆုရရှိသူအား အာဆီယံဆုဖလားနှင့် အမေရိကန် ဒေါ်လာ ၂၀,၀၀၀ ချီးမြှင့်သွားမည် ဖြစ်ပါသည်။
၃။ အဆိုပါဆုအား လျှောက်ထားရန် အဆိုပြုသူများသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံသား (သို့မဟုတ်) အဖွဲ့အစည်း ဖြစ်ရမည်ဖြစ်ပြီး စည်းမျဉ်းစည်းကမ်းကို အခြေခံပြီး ပြည်သူကို ဦးတည်၍ ပြည်သူကို ဗဟိုပြုသည့် အာဆီယံအသိုက်အဝန်း ထူထောင်ခြင်းနှင့် အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ တွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဆောင်ရွက်ချက်များ၊ အောင်မြင်မှု များနှင့် အာဆီယံနှင့် ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဉ် များကို အင်္ဂလိပ်ဘာသာဖြင့် လျှောက်လွှာတွင် အကျဉ်းချုပ်ရေးသား ဖော်ပြရမည်ဖြစ်ပါသည်။
၄။ အကျဉ်းချုပ်တွင် ပါရှိရမည့် အချက်အလက်များကို လျှောက်လွှာပုံစံတွင် ဖော်ပြပါရှိပါကြောင်းနှင့် လျှောက်လွှာပုံစံကို အာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ အင်တာနက်စာမျက်နှာ https://asean.org/nomination-form/ တွင် ရယူ၍ အာဆီယံရေးရာ ဦးစီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၉)၊ နေပြည်တော် (သို့မဟုတ်) dgasean@gmail.com နှင့် amns.mofa@gmail.com ကို ၂၈-၄-၂၀၂၃ ရက်နေ့ နောက်ဆုံးထား၍ လိပ်မူလျှောက်ထားနိုင်ပါ ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ အသေးစိတ်အချက် အလက်များကိုလည်း ဖော်ပြပါအာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ အင်တာနက်စာမျက်နှာတွင် လေ့လာကြည့်ရှုနိုင်ပါကြောင်း အသိပေး အပ်ပါသည်။