
ကယားပြည်နယ် လွိုင်ကော်မြို့နယ်မှ ပြည်နယ်အစိုးရအဖွဲ့ရုံးမဏ္ဍပ်တွင် ကလေးသူငယ်များ အပါ အဝင် ပြည်သူများ ရေကစားနေစဉ် Drop Bomb ဖြင့် ပစ်ချတိုက်ခိုက်ခဲ့သော PDF အဖွဲ့အစည်း၏ ရက်စက်ကြမ်းကြုတ်မှုလုပ်ရပ်ကို ကြားသိခဲ့ရပါသည်။
အပြစ်မဲ့ပြည်သူ အမျိုးသား (၁၅) ဦး၊ အမျိုးသမီး (၁၃) ဦး၊ စုစုပေါင်း (၂၈) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ သည်ဟု သိရှိရပါသည်။ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကို ထိန်းသိမ်းစောင့်ရှောက်ရမည့်အစား အပြစ် ကင်းစွာရေကစားနေကြသော ပြည်သူများအား Drop Bomb ပစ်ချတိုက်ခိုက်ခဲ့သော အကြမ်းဖက်သမား များကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ပြင်းထန်စွာ ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး