တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များနှင့် တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် အတက်နေ့ကို ပျော်ရွှင်စွာ ဆက်လက်ဆင်နွှဲ

 

နေပြည်တော်   ဧပြီ    ၁၆
မြန်မာသက္ကရာဇ်   ၁၃၈၄   ခုနှစ်မှ   ၁၃၈၅  ခုနှစ်သို့ ကူးပြောင်းမည့် မြန်မာ့ရိုးရာ  မဟာသင်္ကြန်ပွဲတော် အတက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရေကစား မဏ္ဍပ်များ၌ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ယိမ်း အကအဖွဲ့များ၊    ခေတ်ပေါ်တေးဂီတအဖွဲ့များ၊ အတာရေသဘင်ပွဲဆင်နွှဲသူများဖြင့်    စည်ကားသိုက်မြိုက် စွာ ဆက်လက်ဆင်နွှဲလျက်ရှိသည်။
ရေသဘင်ပွဲဆင်နွှဲစည်ကား
မဟာသင်္ကြန်အတက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ   ရေကစားမဏ္ဍပ်   အသီးသီးတို့၌ ယိမ်းအကအဖွဲ့များ၊ ခေတ်ပေါ်တေးဂီတအဖွဲ့များ၊ အတာရေသဘင်ပွဲ     ဆင်နွှဲသူများဖြင့်    စည်ကား သိုက်မြိုက်စွာ ဆက်လက်ဆင်နွှဲကြရာ  တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များနှင့် တာဝန်ရှိ သူများက   အတာသင်္ကြန်  ယိမ်းအကအဖွဲ့များ၏ ယှဉ်ပြိုင်ဖျော်ဖြေမှုများကို   ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ကြသည်။
ထို့အပြင်  နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးရှိ  ရေကစားမဏ္ဍပ်များ၊ မြောက် ပိုင်းတိုင်းစစ်ဌာနချုပ်နှင့်      တပ်နယ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊   အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်နှင့်   တပ်နယ်အသီးသီးရှိရေကစားမဏ္ဍပ်များ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်နှင့်  တပ်နယ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊     အရှေ့တောင်တိုင်းစစ်ဌာန ချုပ်နှင့်   တပ်နယ်အသီးသီးရှိ  ရေကစားမဏ္ဍပ်များ၊ ကမ်းရိုးတန်းဒေသ  တိုင်းစစ်ဌာနချုပ်နှင့်  တပ်နယ် အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊ ရန်ကုန်တိုင်းစစ်ဌာန ချုပ်နှင့်   တပ်နယ်အသီးသီးရှိ  ရေကစားမဏ္ဍပ်များ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့်   တပ်နယ် အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးရှိ ရေကစားမဏ္ဍပ် များ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ် အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့်  မန္တလေးမြို့ရှိ  ရေကစားမဏ္ဍပ်များ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ အတာရေသဘင်ပွဲဆင်နွှဲကြရာ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူး များနှင့် အဖွဲ့ဝင်များက  သွားရောက်၍ အတာသင်္ကြန် ယိမ်းအကအဖွဲ့များ၏   ယှဉ်ပြိုင်ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ကြ သည်။
အပန်းဖြေအနားယူ
ထို့ပြင် နေပြည်တော်လမ်းလျှောက်သင်္ကြန်နှင့် ရေပန်းဥယျာဉ်၊  လှေခွင်းတောင်  အပန်းဖြေစခန်း၊ ရန်ကုန်လမ်းလျှောက်သင်္ကြန်၊ မန္တလေးလမ်းလျှောက် သင်္ကြန်နှင့် ဦးပိန်တံတား၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်  ချောင်းသာကမ်းခြေ၊   ငွေဆောင် ကမ်းခြေ၊  ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ  ငပလီ ကမ်းခြေ၊ စစ်တွေပွိုင့် အပန်းဖြေစခန်းနှင့် ပွိုင့်ကမ်း ခြေ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ အင်းလေးရေပေါ် သင်္ကြန်၊ ဟဲဟိုးမြို့ရှိ အင်းခေါင်းဆည်၊ မိုင်းရှူးမြို့ရှိ ဟိုက်ပါရေတံခွန်၊ ကျိုင်းတောင်း ရေတံခွန်၊ ကွန်ဟိန်း ရေပေါ်သင်္ကြန်နှင့်    ခိုလမ်ရေပြာစမ်း  အပါအဝင် အပန်းဖြေနေရာများ၌     လာရောက်အပန်းဖြေ အနားယူနေသော ပြည်သူများဖြင့် စည်ကားလျက် ရှိပြီး စားသောက်ဆိုင်များ၊ ဒေသထွက်ကုန်ရောင်းချ နေသော ဈေးဆိုင်များ ဖွင့်လှစ်ထားရှိကာ စည်ကား သိုက်မြိုက်လျက်ရှိသည်။
ယင်းအပြင်    ရေသဘင်ပွဲဆင်နွှဲကြသူများအား စတုဒိသာအကျွေးအမွေး၊  နိဗ္ဗာန်ဈေးပွဲတော်များဖြင့် ဧည့်ခံကျွေးမွေးခြင်း၊ ပျော်ရွှင်စွာရေပက်ကစားခြင်းတို့ဖြင့် အတာရေ သဘင်ပွဲတော်ကို ဆင်နွှဲကြသည်။
ထို့အပြင် အများပြည်သူ ရုံးပိတ်ရက်ဖြစ်သည်နှင့် အညီ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်၊ မန္တလေးမြို့ရှိ မဟာမြတ်မုနိဘုရားကြီး၊ နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးတို့ အပါအဝင် နိုင်ငံတစ်ဝန်းရှိ ဘုရားစေတီများ၌ ဘုရားဖူးပြည်သူများဖြင့် စည်ကား လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်