
ရန်ကုန် ဧပြီ ၁၆
၁၃၈၄ ခုနှစ် မြန်မာ့နှစ်ကူး အတာရေသဘင်ပွဲတော် ကို ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ ရန်ကုန်မြို့၌ စည်ကားသိုက်မြိုက်စွာဆင်နွှဲခဲ့ရာ ယနေ့ သင်္ကြန် အတက်နေ့၌ ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်နှင့် ပြည်သူ့ရင်ပြင်လမ်းလျှောက် သင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားတို့ကို အောင်မြင်စည်ကား သိုက်မြိုက်စွာကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ရန်ကုန်မြို့တော် မဟာသင်္ကြန်ပွဲတော်အတက် နေ့တွင် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်၌ နံနက်ပိုင်းမှ ညနေပိုင်းအထိ ယိမ်းအကအလှများနှင့် မြူးကြွသော တေးသီချင်းတို့ဖြင့် ဖျော်ဖြေရေးအစီ အစဉ်များကို တင်ဆက်ခဲ့ရာ သင်္ကြန်နောက်ဆုံးရက် အတာရေသဘင်ပွဲတော် ဆင်နွှဲသူတို့ဖြင့် အထူး စည်ကားခဲ့သည်။
ဦးစွာ ညနေပိုင်းတွင် ရန်ကုန်မြို့တော် မဟာ သင်္ကြန်မဏ္ဍပ် ပိတ်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ၁၃၈၄ ခုနှစ် ကုန်ဆုံး၍ ၁၃၈၅ ခုနှစ်၏ မင်္ဂလာနှစ်သစ်သို့ ဝင်ရောက်မည့် နောက်ဆုံးရက်ဖြစ်ရာ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့တော်သူ၊ မြို့တော်သား အပေါင်း နှလုံးစိတ်ဝမ်းအေးချမ်းလျက် ရွှင်လန်း ချမ်းမြေ့ကြပါစေကြောင်း၊ မြန်မာ့ရိုးရာမဟာသင်္ကြန် ရေသဘင်ပွဲတော်ကြီးကို မြန်မာ့ယဉ်ကျေးမှုဓလေ့ ဖြစ်သည့် ဧည့်ဝတ်ကျေပွန်မှု၊ သည်းခံခွင့်လွှတ်မှု၊ ပျော်ရွှင်မှု၊ ကျေးဇူးသိတတ်မှုတို့နှင့်အတူ ဘာသာ တရားအဆုံးအမနှင့်အညီ ကုသိုလ်၊ ဒါန၊ သီလ စောင့်ထိန်းခြင်း စသည့်ယဉ်ကျေးမှုလက္ခဏာများ အေးချမ်းသော နိမိတ်ဆောင်မှုကို ပြသနိုင်ခဲ့ပြီဖြစ် ကြောင်းနှင့် မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ ကြောင်း ပြောကြား၍ ရန်ကုန်မြို့တော် မဟာသင်္ကြန် မဏ္ဍပ်အား ပိတ်သိမ်းခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီး ဒေါ်မော်မော်သန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် ဇနီး ဒေါ်ယမင်းအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ ရန်ကုန်မြို့ တော်ဝန် ဦးဗိုလ်ဌေး၊ တိုင်းဒေသကြီး လူမှုရေးရာ ဝန်ကြီး ဦးအောင်ဝင်းသိန်း၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောဂျက်ကော့ထူး၊ တိုင်းဒေသကြီးဥပဒေ ချုပ် ဦးဌေးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးညီညီမင်းတို့က ပထမဆု၊ ဒုတိယ ဆုနှင့် တတိယဆုရရှိကြသည့် အသင်းအဖွဲ့တို့အား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ပြည်သူ့ရင်ပြင်လမ်းလျှောက် သင်္ကြန်ပွဲတော်ပိတ်ပွဲကို ကျင်းပရာ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ညိမ်းသူ (သတင်းစဉ်)
ဓာတ်ပုံ - ဇော်မင်းလတ်၊ ရဲထွဋ်